SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Saturday, 23 March 2019 10:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်   ၂၂

မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှုဗဟို ကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင်   နေပြည်တော်ရှိ  သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများ၊နေရာဒေသများနှင့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊  ယဉ်ကျေးမှု အမွေအနှစ်ဒေသများနှင့်  ဆက်စပ်ဒေသများ ထိန်းသိမ်း စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် အခြေအနေများနှင့်  ပြန်လည်ပြုပြင် ထိန်းသိမ်းစောင့်ရှောက်လျက် ရှိသည့် အခြေအနေများ၊  ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက်   ရှေးဟောင်း သုတေသနနှင့်  အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဦးလွင်က   မြန်မာနိုင်ငံ အမျိုးသား ယဉ်ကျေးမှု ဗဟိုကော်မတီ   ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး  (၂/၂ဝ၁၇) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို အတည်ပြုနိုင်ရေး၊ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း မှတ်တမ်းပြုစုခဲ့သည့် တိုင်းရင်းသားတို့၏ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို  မှတ်တမ်းတင်နိုင်ရေး တို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက်  ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဦးလှမော်ဦးနှင့်  အစည်းအဝေးသို့ တက်ရောက်လာကြသူများက  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့က  ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဦးကြည်မင်းနှင့်   ဦးလှမော်ဦး၊အမြဲတမ်း အတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်နှင့် မန္တလေး အနုပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံ သမိုင်းအဖွဲ့၊ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဗိသုကာလက်ရာ ပညာရှင်များအသင်း၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။     

(၅ဝဝ)

Read 337 times Last modified on Saturday, 23 March 2019 10:22