SJ WorldNews - шаблон joomla Авто

ရေခေါင်းချောင်းကျေးရွာအနီး၌ AA အကြမ်းဖက် သောင်းကျန်းသူများက တပ်မတော်လုံခြုံရေး စစ်ကြောင်းအား စောင့်ကြိုတိုက်ခိုက်၊ ရန်သူ့ထံမှ အလောင်းသုံးလောင်း ရရှိ

Sunday, 24 March 2019 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတောင်ကျေးရွာ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်း အား မတ် ၂၁ ရက် ညပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်း သူများက စေတောင်ကျေးရွာထိပ်မှ ဖြန့်ခွဲနေရာယူလျက်  လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းများက အဆိုပါ ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများ၌ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မတ် ၂၂ ရက် နံနက် ၆ နာရီ ခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၃ဝ ဦးခန့်က ရေခေါင်းချောင်းကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၄ဝဝ ခန့်အကွာနေရာမှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လည်းကောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် အင်အား ၅ဝ ဦးခန့်က ရေခေါင်းချောင်းကျေးရွာ၏အရှေ့တောင်ဘက် မီတာ ၈ဝဝ ခန့်အကွာနေရာမှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လည်းကောင်း တပ်မတော်စစ်ကြောင်းများအား စောင့်ကြို တိုက်ခိုက်ခဲ့ကြသဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။

ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ ကျဆုံး/ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ရန်သူ့ဘက်မှ အားကစားဝတ်စုံ၊ အရပ်ဝတ် များဝတ်ဆင်ထားသည့် အလောင်းသုံးလောင်းအား ရေခေါင်း ချောင်းကျေးရွာအနီး AA အကြမ်းဖက်သောင်းကျန်းသူများ နေရာ ယူပစ်ခတ်ခဲ့သည့် နေရာ တစ်ဝိုက်မှ တွေ့ရှိခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၄င်းကဲ့သို့ ရပ်ကွက်နှင့်ကျေးရွာများအား အသုံးပြုအကာအကွယ် ရယူလျက် တပ်မတော်လုံခြုံရေး စစ်ကြောင်းများအား မိုင်းထောင်/မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ ပြုလုပ်လျက် ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ ပြန်လည်ခုခံရသည့်အခါရပ်ကွက်၊ ကျေးရွာ များအတွင်း မလိုလားအပ်သော ထိခိုက် ဆုံးရှုံးမှုများရှိလာနိုင်သဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့၊ ရပ်ကွက်နှင့် ကျေးရွာများ၌ AA အကြမ်းဖက်သောင်းကျန်းသူများအား လက်မခံကြရန်နှင့် မြို့၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ဝင်ရောက်လာပါ ကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများသို့ သတင်းပေးပို့ ကြပါရန် မေတ္တာရပ်ခံထားကြောင်း သတင်း ရရှိသည်။

Read 337 times Last modified on Sunday, 24 March 2019 09:06