SJ WorldNews - шаблон joomla Авто

ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၃၈ ရွာတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိ

Sunday, 24 March 2019 10:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၃

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာနမှ အကောင်အထည်ဖော်တည်ဆောက် ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ငရုတ်ကောင်း (တောင်)- ငရုတ်ကောင်းဓာတ်အားလိုင်း ၁၅ ဒသမ ၃၂ မိုင်နှင့် ၆၆/၃၃/၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေ ငရုတ်ကောင်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်း ဒေသကြီးလွှတ်တော်တို့မှ လွှတ်တော်ကိုယ် စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးတက် ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့မှုအခြေ အနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၆၆ ကေဗွီ ငရုတ်ကောင်း (တောင်)-ငရုတ်ကောင်းဓာတ်အားလိုင်း ၁၅ ဒသမ ၃၂ မိုင်နှင့် ၆၆/၃၃/၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေ ငရုတ်ကောင်းဓာတ်အားခွဲရုံအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်း အောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးဇော်ရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် ၆၆/၃၃/၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေ ငရုတ်ကောင်းဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာဓာတ်အားခွဲရုံ Control Room နှင့် Switchyard အတွင်း လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ ၆၆ ကေဗွီ ငရုတ်ကောင်း(တောင်) ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ ငရုတ်ကောင်း(တောင်)-ငရုတ် ကောင်းဓာတ်အားလိုင်း ၁၅ ဒသမ ၃၂ မိုင်နှင့် ငရုတ်ကောင်းမြို့၌ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တစ်ရုံကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် တည် ဆောက်ပြီးစီး၍ ၆၆ ကေဗွီ ငရုတ်ကောင်း ဓာတ်အားခွဲရုံကို ဓာတ်အားပို့လွှတ်ခဲ့သည်။

ငရုတ်ကောင်းမြို့နယ်အတွင်း အိမ်ထောင် စုပေါင်း ၁ဝဝ၈ ရှိသည့်အနက် အိမ်ထောင်စု ၃၃၉ စု ဓာတ်အားရရှိသုံးစွဲနိုင်ခဲ့ပြီး ဆောင် ရွက်ဆဲ ဓာတ်အားဖြန့်ဖြူးရေးလိုင်းနှင့် ခွဲရုံများ ဆောင်ရွက်ပြီးစီးသည့်အချိန်တွင် ငရုတ်ကောင်း မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၃၈ ရွာ တွင် အိမ်ထောင်စုပေါင်း ၅၉၂၄ စုသို့ နိုင်ငံ တော်ဓာတ်အားစနစ်မှ ၂၄ နာရီ လျှပ်စစ် ဓာတ်အားရယူသုံးစွဲနိုင်မည်ဖြစ်သည်။

အဆိုပါဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံတည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ်သန်းပေါင်း ၆၆၁၉သန်းကျော် အကုန်အကျခံတည်ဆောက်ပေး ခဲ့ကြောင်း သိရသည်။

Read 136 times Last modified on Sunday, 24 March 2019 10:16