SJ WorldNews - шаблон joomla Авто

မြိတ်မြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Monday, 25 March 2019 08:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာရှိ  သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်း တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က   အဆိုပါ ကျေးရွာရှိ   ပစ္ဆိမရံသီ အနောက် ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  ဆေးကုသရေး အဖွဲ့က သံဃာတော်သုံးပါးနှင့်  ဒေသခံပြည်သူ  ၂ဝ၅ ဦးတို့အား အရိုး/ အကြော ရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါ၊ ဆီးချို၊  သွေးချိုရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 116 times Last modified on Monday, 25 March 2019 08:18