SJ WorldNews - шаблон joomla Авто

အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲများ မတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း မန္တလေးမြို့၌ ခြေစမ်းပွဲများ ထပ်မံ ကစားမည်

Monday, 25 March 2019 09:56 font size decrease font size decrease font size increase font size increase font size

မန္တလေး  မတ်  ၂၄

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲများ မတိုင်မီ  မန္တလေးမြို့၌  ပြည်တွင်း ခြေစမ်း ပွဲ များ ထပ်မံ ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် မတ် ၂၇ ရက်တွင် အမရပူရလူငယ် အမျိုးသားအသင်းနှင့်  ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ခြေစစ်ပွဲအတွက်  အပြီး သတ်ပြင်ဆင်မည်ဖြစ်သည်။  မြန်မာ့လက် ရွေးစင် အမျိုးသမီး အသင်းသည် မန္တလေးမြို့ ၌  မတ်  ၁၈ရက်က  စတင် လေ့ကျင့်နေပြီး မန်းလူငယ် အသင်းနှင့် ခြေစမ်းပွဲကစားရာ  ၃ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိုလံပစ် ခြေစစ်ပွဲများ မတိုင်မီ  ဗီယက်နမ် လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင် ကစားထားသော်လည်း ကစားသမားများ၏ခြေစွမ်းနှင့်   အသင်းအနေအထားကို သိရှိနိုင်ရန် လူငယ် အမျိုးသား အသင်းနှင့် ထပ်မံကစား ခြင်းဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည်   ဧပြီလတွင် ယှဉ်ပြိုင် မည့် အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲအပြင် ယခုနှစ် အတွင်း ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများ အတွက်ပါ ပြင်ဆင်နေကြောင်း သိရသည်။  

Read 465 times Last modified on Monday, 25 March 2019 09:59