SJ WorldNews - шаблон joomla Авто

ပေါ်တူဂီ လူငယ် ကစားသမား သုံးဦးအတွက် မန်ယူ ပေါင်သန်း ၂၅ဝ သုံးစွဲဖွယ်ရှိ ချယ်လ်ဆီးမှ အိုဒွိုင်းကိုလည်း ဘိုင်ယန်နှင့်အပြိုင်ခေါ်ယူနိုင်ရန် ကမ်းလှမ်းမည်

Monday, 25 March 2019 12:46 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ    မတ်   ၂၄

မန်ယူအသင်းသည်  လာမည့်ရာသီသစ်အတွက်  မျိုးဆက်သစ်ကစားသမားကောင်းများ ခေါ်ယူရန်စီစဉ် လျက်ရှိရာ  ပေါ်တူဂီ လူငယ်ကစားသမားသုံးဦးကို ခေါ်ယူနိုင်ရန် ပေါင်သန်း ၂၅ဝ အထိသုံးစွဲမည်ဖြစ် ကြောင်း သိရသည်။ နည်းပြ ဆိုးလ်ရှားသည်  မန်ယူ အသင်း၏  တရားဝင်နည်းပြဖြစ်လာပါက  အသင်း အနာဂတ်အတွက် အကောင်း ဆုံးသော လူငယ်မျိုးဆက် တစ်ခုကို ထူထောင်နိုင်ရန် ရည်ရွယ်ထားကာ အသက် ၁၉ နှစ်နှင့် ၂၁ နှစ်သာရှိသေးသော ဘင်ဖီကာ လူငယ် ကစားသမားနှစ်ဦးဖြစ်သည့်  ယာအိုဖိလစ်နှင့်  ရူဘင် ဒီယက်ဇ်တို့ကို ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေပြီး စပို့တင်း လစ္စဘွန်းအသင်းမှ အသက် ၂၄ နှစ်အရွယ် ဘရူနို ဖာနန်ဒက်စ်ကိုလည်း ခေါ်ယူရန် ရည်ရွယ်ထားကြောင်း သိရသည်။

ငြမမသမ  သတင်းစာ၏  ဖော်ပြမှုတွင် ဒီယက်စ်၏ တန်ကြေးကို ပေါင်သန်း ၅ဝ  သတ်မှတ်ထားကြောင်း၊ ဖိလစ်အတွက် စာချုပ်ဖျက်တန်ကြေးသည် ပေါင် ၁ဝ၅ သန်းရှိကြောင်းနှင့် ဖာနန်ဒက်စ်အတွက် တန်ကြေးသည် ပေါင် ၉၅ သန်းရှိနေခြင်းကြောင့် ၎င်းတို့သုံးဦးအတွက် ပေါင်သန်း ၂၅ဝ သုံးစွဲရမည်ဖြစ်သည်။

အဆိုပါကစားသမားသုံးဦးစလုံးကို မန်စီးတီး၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့က လည်း စိတ်ဝင်စား လျက် ရှိသည်။ ကွင်းလယ်ကစား သမား ဖာနန်ဒက်စ်သည် ၂ဝ၁၇ ခုနှစ်က အီတလီကလပ် ဆမ်ဒိုးရီးယားမှ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ကာ  ၂ဝ၁၇ ခုနှစ်တွင်  ပေါ်တူဂီ လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံရပြီး နိုင်ငံအတွက် ၁၁ ပွဲကစားရာ နှစ်ဂိုးသွင်းနိုင်ခဲ့သည်။

ဒီယက်စ်နှင့်ဖိလစ်တို့နှစ်ဦးသည် ဘင်ဖီကာလူငယ် အသင်းမှ  ထွန်းတောက်လာသူများဖြစ်ပြီး  ခံစစ်မှူး  ဒီယက်စ်သည် ပေါ်တူဂီ စီနီယာ လက်ရွေးစင်အသင်းကြီး အတွက် ရှစ်ပွဲကစားပေးထားသူဖြစ်သည်။ ဖိလစ်မှာ မတ်လက လက်ရွေးစင် အသင်းကြီး၌ စတင်ရွေးချယ် ခံရသူဖြစ်သည်။

မန်ယူနည်းပြဆိုးလ်ရှားသည် လူငယ်ပါရမီရှင် ကစားသမားများကို ခေါ်ယူပြီး အသင်းအနာဂတ်အတွက် အကောင်းဆုံး တည်ဆောက်ရန် ဆန္ဒရှိနေရာ ချယ်လ်ဆီး အသင်းမှ အင်္ဂလန်လူငယ်ကစားသမား ဟက်ဒ်ဆန် အိုဒွိုင်းကိုလည်း   ဘိုင်ယန်မြူးနစ် အသင်းနှင့်အပြိုင် ခေါ်ယူနိုင်ရန် ကြိုးစားလျက်ရှိသည်။ ဘိုင်ယန်အသင်း သည် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်က အိုဒွိုင်းကို  အကြိမ်များစွာကမ်းလှမ်းခဲ့ပြီး  လီဗာပူးအသင်းနှင့်  ဒေါ့မွန်အသင်းတို့ကလည်း   အိုဒွိုင်းကို   ခေါ်ယူရန် စိတ်ဝင်တစားစောင့်ကြည့်နေသည်။ ဘိုင်ယန်အသင်း သည် အိုဒွိုင်းကို ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး အသက် ၁၈ နှစ်သာရှိသော အိုဒွိုင်းနှင့် ချယ်လ်ဆီး အသင်းတို့၏  လက်ရှိ  စာချုပ်သက်တမ်းမှာ   ၂ဝ၂ဝ ပြည့်နှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။

ချက်အသင်းကို ငါးဂိုးပြတ်အနိုင်ရသည့် ယူရို ၂ဝ၂ဝ ခြေစစ်ပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်းကြီး၌ စတင် ရွေးချယ် ခံရသော အိုဒွိုင်းသည် ချက်နှင့်ပွဲတွင် ပါဝင် ကစားခွင့်ရသောကြောင့် ဒန်ကမ်အက်ဒ်ဝပ် ၆၂ နှစ် ကြာ တင်ရှိထားသည့် အင်္ဂလန်အသင်းအတွက် ခြေစမ်း ပွဲမဟုတ်သော ပြိုင်ပွဲအသွင်ပွဲများတွင် အသက်အငယ် ဆုံးပါဝင်ကစားခွင့်ရသည့်  စံချိန်သစ်ကို  တင်နိုင်ခဲ့ သည်။  အိုဒွိုင်းကိုခေါ်ယူရန်  ထိပ်တန်းအသင်းများ အပြိုင်ကြိုးစားနေသော်လည်း လက်ရှိတွင် ချယ်လ်ဆီး အသင်းသည် အပြောင်းအရွှေ့ဈေးကွက်နှစ်ခု ပိတ်ပင် သည့် ပြစ်ဒဏ်ခံထားရသောကြောင့် အခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။ ချယ်လ်ဆီးအသင်းက အိုဒွိုင်းကို လက်မလွှတ်လိုသောကြောင့် တစ်ပတ်လစာ ပေါင် ၈၅ဝဝဝ ဖြင့် စာချုပ်သစ်တိုးရန် ကမ်းလှမ်းထားကြောင်း သိရသည်။      

Ref:Mirror

..........

Read 278 times Last modified on Monday, 25 March 2019 13:08