SJ WorldNews - шаблон joomla Авто

နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ တပ်မတော် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

Monday, 25 March 2019 20:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မတ် - ၂၅

တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲ ထားရှိမှု အခြေအနေများနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်း ဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်းဌာန ၃၂ ခုမှ သတင်းထောက် ၆၇ ဦး တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဗိုလ်ချုပ်စိုးနိုင်ဦးက ၂ဝ၁၈ ဒီဇင်ဘာ ၂၁ ရက်မှ စ၍တပ်မတော်မှ အပစ်အခတ် ရပ်စဲထားသည့် ကာလအတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေ တို့၌ လက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေကျော်လွန် လှုပ်ရှားမှု အခြေအနေများ၊ အချင်းချင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများ၊ တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့မှုအခြေအနေများ၊ ဒေသခံ ပြည်သူလူထုများအပေါ် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေး ကောက်ခံမှု အခြေအနေများတွင် ယခုတတိယလအထိ လျော့နည်းသွားမှု ၊ တိုးပွားလာမှုများအား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး တပ်မတော်ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည့် အခြေအနေများနှင့် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ် ထွန်းထွန်းညီက နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာ ပိုင်မှု၊ ရခိုင်ပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားများအပေါ်  ARSA  အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အင်အားသုံး အကြမ်းဖက် တိုက်ခိုက်မှုများကို ကာကွယ် ပေးနေသော လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား  AA အကြမ်းဖက် သောင်းကျန်းသူများက နှောင့်ယှက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၂ဝ၁၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်၊ မိုင်းဖြစ်စဉ် ၁ ကြိမ်၊ ၂ဝ၁၆ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲ ၂၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၁ဝ ကြိမ်၊ ၂ဝ၁၇ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲ ၅၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၅ ကြိမ်၊ ၂ဝ၁၈ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲ ၆၁ ကြိမ်၊ မိုင်းဖြစ်စဉ်  ၁၉ ကြိမ်၊ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၂၄ ရက်အထိ ထိတွေ့တိုက်ပွဲ ၉၇ ကြိမ်၊ မိုင်းဖြစ်စဉ် ၃၉ ကြိမ်ဖြစ်ပွားခဲ့မှု အခြေအနေများ၊ AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နယ်မြေခံ တပ်ဌာနချုပ်များ၊ စခန်းများ၊ တပ်မတော်စစ်ကြောင်းများ၊ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲကင်းစခန်း များအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံ ခြိမ်းခြောက် သတိပေးစာများ ပေးပို့ခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် ဒေသခံ ပြည်သူများအား အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိသဖြင့် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့မှု အခြေအနေများ၊ AA အကြမ်းဖက် သောင်းကျန်းသူများက မြို့ရွာများအနီး ဆက်သွယ်ရေး လမ်းကြောင်းများတွင် ပေါက်ကွဲမှု ကြီးမားပြင်းထန်သော လူသတ်မိုင်းများကို အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်လက်အင်္ဂါများ ပြတ်တောက် ဒဏ်ရာရရှိမှုနှင့် သေဆုံးခဲ့ရမှု အခြေအနေများအား မြေပုံ၊မှတ်တမ်းဓာတ်ပုံ များနှင့်တကွ အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုကို အကာအကွယ် ယူကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်၊ မိုင်းခွဲခြင်းနှင့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက် မည်ဟု မသင်္ကာဖွယ်ရာများ တွေ့ရှိပါက ဒေသခံပြည်သူလူထုများမှ နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့များသို့ အချိန်နှင့် တပြေးညီ အကြောင်းကြား သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ကြပါရန် မေတ္တာ ရပ်ခံပါကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြားသည်။

၎င်းနောက် တက်ရောက်လာကြသည့် သတင်းဌာန အသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုအပေါ် ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် ထွန်းထွန်းညီနှင့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး မေးမြန်းဖြေကြားမှု အပြည့်အစုံအား နေ့စဉ်ထုတ် သတင်းစာများတွင် ဆက်လက် ဖော်ပြသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 424 times Last modified on Monday, 25 March 2019 20:38