SJ WorldNews - шаблон joomla Авто

တပ်မတော်လုံခြုံရေးစစ်ကြောင်းများက AA အကြမ်းဖက်သောင်းကျန်းသူများ၏ သင်တန်းကျောင်း နှင့်စခန်းများအား သိမ်းပိုက်ရရှိ၊ လက္ကာကျေးရွာ၌ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများသိမ်းဆည်းရမိ

Sunday, 14 April 2019 16:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၁၄ 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမြောင်ကျေးရွာအနီးပတ်ဝန်းကျင်တောင် ကြောများ၌ AA အကြမ်းဖက်သောင်း ကျန်းသူများ၏ သင်တန်းကျောင်းနှင့် စခန်းများရှိပြီး ၎င်းနေရာမှ မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား အကြမ်းဖက်လုပ်ရပ် များဖြင့် ခြိမ်းခြောက်အကြပ်ကိုင်စိုးမိုးမှုများ မကြာခဏ ပြုလုပ်လျက်ရှိသဖြင့် တည်ငြိမ် အေးချမ်းစွာနေထိုင်လိုကြသည့် ဒေသခံများက တပ်မတော်လုံခြုံရေး စစ်ကြောင်းမျာထံသို့ ၎င်းတို့၏ တည်နေရာများအား သတင်းပေးပို့တိုင်ကြားလာခဲ့ကြသည်။ 

 

သို့ဖြစ်၍ တပ်မတော်လုံခြုံရေးစစ်ကြောင်းများက အထက်ပါနေရာတစ်ဝိုက်အား မတ်လ ၁၉ ရက်မှစတင်၍ အဆင့်ဆင့်ခြေကုပ်ယူချဉ်းကပ်တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများ အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ကာ ယမန်နေ့ ဧပြီ ၁၃ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် ယာယီရန်သူ့လေ့ကျင့်ရေး သင်တန်းကျောင်း နေရာ ၁ ခုအား သိမ်းပိုက်ရရှိခဲ့ပြီး သောင်းကျန်းသူများ အနောက်တောင်နှင့် အနောက် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ 

အလားတူ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၀င်များနှင့်အတူ လုပ်ထုံးလုပ်နည်း များနှင့်အညီ ၀င်ရောက်ရှာဖွေမှုများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ လပြည့်၏ နေအိမ်အား နေအိမ်ခြံဝင်းအတွင်းမှ ကျည်အိမ် ၃ ခု၊ ကျည် ၂၀၃ တောင့်နှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ယနေ့ နေ့လယ်ပိုင်း တွင် လပြည့်၏ အစ်ကိုဖြစ်သူ ဦးမောင်ဦးကျော်၏ နေအိမ်မှ လက်ပစ်ဗုံး ၁၀ လုံးအား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။ 

မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား အကြမ်းဖက်လုပ်ရပ်များဖြင့် ခြိမ်းခြောက်နေသည့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ သင်တန်းကျောင်းနေရာနှင့် စခန်းကုန်းများအား မောင်းထုတ်ရှင်းလင်း သိမ်းပိုက်ရရှိခဲ့ပြီး အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော်လုံခြုံရေး စစ်ကြောင်းများက နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

Read 236 times Last modified on Monday, 15 April 2019 08:48