SJ WorldNews - шаблон joomla Авто

ခန္တီးမြို့၌ SNA အဖွဲ့ဝင် ၂ ဦး လက်နက်ဖြင့် ဥပဒေဘောင်အတွင်း ၀င်ရောက်

Sunday, 14 April 2019 16:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ နယ်မြေခံတပ်သို့ SNA အဖွဲ့ဝင် ၂ ဦးသည် ဧပြီ ၁၃ ရက်နံနက်ပိုင်းတွင် ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လိုကြောင်းနှင့် လက်နက် နှင့်ဆက်စပ်ပစ္စည်းများ ၀ှက်ထားကြောင်း လာရောက် သတင်းပေးပို့ခဲ့သည်။

၎င်းတို့မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နေသူ ဖိုးထွန်းနှင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နေသူ ဇွဲထက် တို့ဖြစ်ပြီး ၎င်းတို့၏ ပြောပြချက်များအရ တာဝန်ရှိသူ များက လေယာဉ်ကွင်းလမ်း ဆုံအနီးချုံပုတ် အတွင်း၌ သွားရောက်ရှာဖွေရာ အမ် ၂၂ သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခုနှင့် ကျည် ၄၉ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ကာ ဥပဒေဘောင်အတွင်း ၀င်ရောက်ရသည့် အကြောင်းရင်းကို မေးမြန်းလျက်ရှိပြီး ၎င်းတို့၏ ဆန္ဒအတိုင်း လိုအပ်သည်များ ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ 

 

 

 

Read 240 times Last modified on Sunday, 14 April 2019 17:00