SJ WorldNews - шаблон joomla Авто

နေပြည်တော် ဇေယျာသီရိ ကုန်ပဒေသာတိုက်အတွင်းရှိ စားသောက်ဆိုင်တန်း လျှပ်စစ်ဝါယာရှော့ ကြောင့် မီးလောင်မှုဖြစ်ပွား

Sunday, 14 April 2019 18:27 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊ ဧပြီ - ၁၄

 

 

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်ပဒေသာ တိုက်အတွင်းရှိ စားသောက် ဆိုင်တန်းတွင် ယနေ့ညနေ ၃ နာရီချိန်ခန့်တွင် ၀ါယာရှော့ ဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

 

 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးနှင့် နယ်မြေခံတပ်များမှ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၅ စီး၊ နေပြည်တော်ကောင်စီ နယ်မြေမီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ် ၂၀ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီးတို့ဖြင့် ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အတွင်း မီးညွှန့်ကျိုးသွားပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြိမ်း သတ်နိုင်ခဲ့သည်။

 

 

မီးငြိမ်းသတ်စဉ် မှန်ကွဲစ ထိမှန်သည့် မစိုးရိမ်ရဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိသည်။ ပဏာမစစ်ဆေးချက်များအရ မီးလောင်မှုမှာ ၀ါယာရှော့ကြောင့် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ မီးလောင်ကျွမ်းမှု Level 2 အဆင့် သတ်မှတ်ကာ မီးငြိမ်းသတ်ခဲ့ခြင်းဖြစ်သည်။ မီးကြွင်းမီးကျန်များမရှိစေရေးနှင့် ကျန်အဆောက်အဦများ မီးအန္တရာယ်ကင်းရှင်းစေရေး ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။

 

၎င်းမီးလောင်မှုဖြစ်ပွားရာနေရာသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိ သူများ အချိန်မီရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား မီးအမြန်ငြိမ်းသတ်နိုင်ရေးနှင့် လုံခြုံ ရေးဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

 

Read 52 times Last modified on Sunday, 14 April 2019 20:05