SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ မြင်းလွတ်ရဲကင်းစခန်းအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား

Sunday, 14 April 2019 20:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြင်းလွတ်ရဲစခန်းအနီး ဧပြီ ၁၃ ရက် ည ၁၀ နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်တွင် မြင်းလွတ်ရဲကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းနေ့ ည ၁၀ နာရီခန့်တွင် စခန်းအနီးမှ ပေါက်ကွဲသံကြားရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မောင်တော-အငူမော်ကားလမ်း၏ ယာဘက် ပေ ၂၀ ခန့်အကွာ မြင်းလွတ်ရဲကင်းစခန်းသို့ သွားသော လမ်းကြောင်းအ၀င်အ၀နေရာတွင် အလျား ၇ ပေ၊ အနံ ၄ ဒသမ ၆ ပေ၊ အနက် ၅ ပေခန့်ရှိ မိုင်းပေါက်ကွဲထားသည့် မြေကျင်း ၁ ကျင်းအား တွေ့ရှိ၍ အနီးဝန်းကျင် ဆက်လက်ရှာဖွေစစ်ဆေးရာ မြေကျင်းမှ မြောက်ဘက်သို့သွယ်တန်းထားသော အနက်ရောင် ၀ါယာကြိုး ၁၅ ပေခန့်အား ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါမိုင်းပေါက်ကွဲသည့်နေရာသည် မြင်းလွတ်ရဲကင်းစခန်းသို့ ၀င်/ထွက်သည့် လမ်းကြောင်းပေါ်တွင် ပေါက်ကွဲခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာမှုနှင့် အုပ်ချုပ်မှုယာဉ်များ ဖြတ်သန်းသွားလာမှုအပေါ် ဖောက်ခွဲဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မည်သည့်အကြမ်းဖက် အဖွဲ့အစည်းက ဆောင်ရွက်ခဲ့သည်ကို စိစစ်ဖော်ထုတ်ဆဲဖြစ်ကြောင်း သတင်းရရှိသည်။

Read 251 times Last modified on Monday, 15 April 2019 08:40