SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစု ရေသဘင်မဏ္ဍပ်နှင့် ရွှေညောင်တပ်နယ်ရှိ မိသားစု ရေသဘင် မဏ္ဍပ်များသို့ သွားရောက် ကြည့်ရှုအားပေး

Monday, 15 April 2019 18:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၁၅

မြန်မာသက္ကရာဇ် ၁၃၈၀ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြတ်နေ့ဖြစ်သော ယနေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်နှင့် ရွှေညောင်တပ်နယ်ရှိ မိသားစုရေသဘင် မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် နံနက်ပိုင်းတွင် ရွှေညောင်တပ်နယ်ရှိ မိသားစုရေ ကစားမဏ္ဍပ်သို့ ရောက်ရှိကြပြီး ရေသဘင်မဏ္ဍပ်၌ မိသားစုသင်္ကြန် ယိမ်းအက အဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှု များနှင့် အရာရှိ၊ စစ်သည် မိသားစုဝင်များ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများအား ကြည့်ရှုအားပေး ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် တပ်နယ်ရှိ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ မိသားစု သင်္ကြန် ယိမ်းအက အဖွဲ့များအား အတာရေများပက်ဖျန်းပေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစု ရေသဘင်မဏ္ဍပ်သို့ရောက်ရှိကြပြီး မိသားစု သင်္ကြန်ယိမ်း အကအဖွဲ့များနှင့် ပအိုဝ်း ယဉ်ကျေးမှု အဖွဲ့တို့၏ သီဆိုကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီး များနှင့် ဇနီးများ၊ မိသားစု သင်္ကြန်ယိမ်း အကအဖွဲ့များအား အတာရေများ ပက်ဖျန်းပေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီးတို့သည် ရေသဘင် မဏ္ဍပ်များ၌ သီဆိုကပြ ဖျော်ဖြေ ခဲ့ကြသော ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

 

 

 

Read 39 times Last modified on Monday, 15 April 2019 18:11