SJ WorldNews - шаблон joomla Авто

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင် တပ်နယ် မိသားစု ရေကစားမဏ္ဍပ်များ သို့ သွားရောက်ကြည့်ရှု အားပေး

Monday, 15 April 2019 20:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၁၅

မြန်မာ သက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်၊ မြန်မာ့ ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို  မြန်မာ့ရိုးရာ အစဉ်အလာကောင်းများနှင့်အညီ နိုင်ငံတစ်ဝှမ်းလုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြသည်။ အေးချမ်း သာယာသော တောင်ပေါ်မြို့ လေး တစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့တွင်လည်း မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိရာ ယနေ့ ကျရောက်သော သင်္ကြန် အကြတ်နေ့တွင် ပြင်ဦးလွင် တပ်နယ်ရှိ သင်တန်းကျောင်း များနှင့်တပ်ရင်း၊ တပ်ဖွဲ့ များ၏ မိသားစု ရေသဘင် မဏ္ဍပ်များ၌ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများက ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ထိုသို့သင်္ကြန်ပွဲတော် အကြတ်နေ့ ဆင်နွှဲနေမှုများကိုဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ ၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင် တပ်နယ်မှ တာဝန်ရှိသူများ က လိုက်လံကြည့်ရှု အားပေးကြသည်။

ဦးစွာ စစ်တက္ကသိုလ် ရေသဘင်မဏ္ဍပ်၌ မိသားစုသင်္ကြန် ယိမ်းအဖွဲ့များ၊ ဗိုလ်လောင်းများနှင့် တေးသံရှင်များ၏ သီဆို ကပြ ဖျော်ဖြေမှုများနှင့် ဒေသခံပြည်သူများ၊ ဗိုလ်လောင်းများ၊အရာရှိ၊စစ်သည်၊မိသားစုများ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှု များကိုကြည့်ရှုအားပေးကြသည်။ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က ဗိုလ်လောင်းများနှင့် စစ်တက္ကသိုလ်မှ တပ်မတော် အရာရှိကြီးများအား အတာရေများ ပက်ဖျန်း ပေးသည်။

 

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် တပ်မတော် အုပ်ချုပ်မှုကျောင်း (ပြင်ဦးလွင်) ရေသဘင် မဏ္ဍပ် သို့သွားရောက်၍ မိသားစုယိမ်း အဖွဲ့များ၊ အရာရှိ၊ စစ်သည်များ၏ သီဆိုကပြဖျော် ဖြေမှုများကိုကြည်ရှု အားပေးပြီး အာတာရေများ ပက်ဖျန်းပေးကြသည်။ယင်းနောက် တပ်မတော် ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်ကျောင်း ရေသဘင်မဏ္ဍပ်၊ ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) ရေသဘင်မဏ္ဍပ်၊ တပ်မတော် ဆေးရုံ ရေသဘင်မဏ္ဍပ် များသို့သွားရောက်ပြီး အရာရှိ၊ စစ်သည်မိသားစုများ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် အရာရှိ၊ စစ်သည် မိသားစုများ ကို အတာရေများ ပက်ဖျန်းပေးကြသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် တပ်မတော် နည်းပညာ တက္ကသိုလ် ရေကစားမဏ္ဍပ်သို့ သွားရောက်ကြပြီး တေးသံရှင်များ၊ ဗိုလ်လောင်းများ ၊ ယိမ်းအဖွဲ့ များ၏ ဖျော်ဖြေမှု များနှင့် အတူ ဒေသခံပြည်သူများ၊ ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည်မိသားစုများက မဟာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် အတာရေများ ပက်ဖျန်းပေးကြသည်။

 

၎င်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် ခါတော်မီ ရေသဘင် မဏ္ဍပ်သို့ သွားရောက်ပြီး အရာရှိ၊ စစ်သည်မိသားစုများ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေမှုများ ကိုကြည့်ရှု အားပေးကြသည်။ ထို့နောက် အရာရှိ၊ စစ်သည် မိသားစုများကို အတာရေများပက်ဖျန်း ပေးကြသည်။

ရေသဘင်မဏ္ဍပ်များ၌ သီဆိုကပြ ဖျော်ဖြေကြသည့် ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည် မိသားစုများနှင့် ယိမ်းအဖွဲ့များ ကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မိသားစုများနှင့် တပ်မတော် အရာရှိကြီးများ က ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။

ညနေပိုင်းတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့၊ အောင်မြေ သာဇံမြို့နယ်၊ နန်းမြို့တောင်ဘက်ရှိ နန်းမြို့သူ ရေသဘင်မဏ္ဍပ်သို့ သွားရောက်ပြီး မိသားစု ယိမ်း အဖွဲ့များ၊ တေးသံရှင်များ၏ ဖျော်ဖြေမှုများ နှင့်အတူ ရေပက်ခံပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ  အတာရေသဘင် ပွဲတော် ကိုပျော်ရွှင်စွာ ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ယိမ်းအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် အရာရှိ၊စစ်သည်၊ မိသားစုများအား အတာရေများ ပက်ဖျန်းပေးကြခဲ့ကြကြောင်း သတင်းရရှိ သည်။

 

 

Read 37 times Last modified on Monday, 15 April 2019 21:07