SJ WorldNews - шаблон joomla Авто

ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်ရှိ ရေကစား မဏ္ဍပ်များသို့ သွားရောက်ကြည့်ရှု အားပေး

Monday, 15 April 2019 21:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၁၅

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန် အကြတ်နေ့ ဖြစ်သော ယနေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၀န်း အတွင်းရှိ ရေကစားမဏ္ဍပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်၊ တပ်မတော် ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ရှေ့ရှိ ရေကစား မဏ္ဍပ်များ၌ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များ၊ တေးသံရှင် များက တေးသီချင်းများ၊ ယိမ်းအက များဖြင့် သီဆိုကပြဖျော်ဖြေကြကာ စတုဒိသာ အကျွေးအမွေး များဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြသည်။

ထို့အတူ ယနေ့မနက်ပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်ဇနီး ဒေါ်သက်သက်အောင်၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)တို့သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများလိုက်ပါ၍ နေပြည်တော် ဇေယျာသီရိ ဂေါက်ကွင်းရှိ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုရေကစား မဏ္ဍပ်၌ မဟာ သင်္ကြန် ရေသဘင်ပွဲတော်အား ပါဝင်ဆင်နွှဲကြသည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ဝင် များသည်  ဘိုဖြူ၊ ကော်နီ၊ ဆုန်သင်းပါရ်၊ မေခလာ၊ ဗီဗာဟိန်း၊ စွမ်းပြည့်အောင်၊ လွင်လှိုင်နှင့် ယွန်းသီရိကျော်စသည့် နိုင်ငံကျော် တေးသံရှင်များ၊ အမျိုးသမီးအရာရှိ ယိမ်းအက အဖွဲ့နှင့် အမျိုးသမီး စစ်သည် ယိမ်းအကအဖွဲ့ အပါအ၀င် မိသားစု သင်္ကြန်ယိမ်း အကအဖွဲ့များ၊ အမျိုးသား အရာရှိ/ စစ်သည် Dancer  အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတီးဝိုင်း အမျိုးသမီး တပ်ဖွဲ့နှင့် အမျိုးသမီးယိမ်းအက အဖွဲ့တို့၏ ယိမ်းအကများ၊ တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ယိမ်းအက အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့် ကြသည်။

ညနေပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ရေကစားမဏ္ဍပ်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရှေ့ရှိ ရေကစားမဏ္ဍပ်၊ တပ်မတော်ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၀န်း အတွင်းရှိ အိမ်ထောင်သည်လိုင်း အနီး ရေကစားမဏ္ဍပ် တို့တွင်လည်း မဟာသင်္ကြန်အတာရေ သဘင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိရာ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီးတို့ သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ သွားရောက် ကြည့်ရှု အားပေးကြပြီး ပါဝင်ဆင်နွှဲကြသည်။ ထို့နောက်ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့်အဖွဲ့ဝင်များသည် မဏ္ဍပ်များအလိုက် ကပြ ဖျော်ဖြေခဲ့ကြသော ယိမ်းအက အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။

         

Read 44 times Last modified on Wednesday, 17 April 2019 08:16