SJ WorldNews - шаблон joomla Авто

ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီး လမ်းဆုံအနီး၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံး ဖော်ထုတ်ရရှိ

Tuesday, 16 April 2019 14:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၁၆ 

ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ် ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီး လမ်းဆုံအနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်း လင်းခြင်း နှင့် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ဧပြီ ၁၅ ရက် ညနေပိုင်း၌ AA အကြမ်း ဖက် သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း များအား တွေ့ရှိခဲ့သဖြင့် ခရီးသွား ပြည်သူများနှင့် ဘုရားဖူးပြည်သူများ ဘေးအန္တရာယ် မရှိစေရေး အတွက် ဖော်ထုတ် ရှင်းလင်းခြင်းများ ဆောင်ရွက် ခဲ့သည်။

 

ထိုသို့ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဒေသန္တရ ကားမိုင်း ၃ လုံးအား ဖော်ထုတ် သက်မဲ့ပြု လုပ်လျက် ရှိစဉ် ၎င်းမိုင်းများ၏ အရှေ့ဘက် ၁၅ ပေခန့် အကွာ၌ ထောင်ထားသော ရီမုမိုင်း ၂ လုံးအား AA အကြမ်းဖက် သောင်းကျန်းသူများက အဝေးမှ ဖောက်ခွဲ တိုက်ခိုက် လာခဲ့သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပဲ AA အကြမ်းဖက် သောင်းကျန်းသူများထံမှ အလျား ၆ လက်မခန့်၊ အမြင့် ၈ လက်မခန့်ရှိ ပလတ်စတစ်ဗူးဖြင့် ပြုလုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးအား ဖော်ထုတ် ရရှိခဲ့သည်။

 

AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ခရီးသွား ပြည်သူလူထု၊ ဘုရားဖူးပြည်သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သွားလာမှုနှင့် အုပ်ချုပ်မှုယာဉ်များ ဖြတ်သန်း သွားလာမှုအပေါ် ဖောက်ခွဲ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ မိုင်းထောင်ခြင်း များအား မကြာခဏ ပြုလုပ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ ယနေ့အချိန် အထိ ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီး ပေါ်၌ မိုင်းထောင်ခဲ့သည့် အကြိမ် ၁၁ ကြိမ် ရှိပြီး မိုင်း ၁၆ လုံးအား ဖော်ထုတ် နိုင်ခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးနှင့် မိုင်းအန္တရာယ် မရှိစေရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။ 

Read 226 times Last modified on Tuesday, 16 April 2019 14:36