SJ WorldNews - шаблон joomla Авто

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မဟာသင်္ကြန်အတက်နေ့၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ပြောကြားသည့် နှစ်သစ် ဆုမွန်ကောင်းစကား

Thursday, 18 April 2019 19:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၁၆

မြန်မာသင်္ကြန်ဆိုတာ မြန်မာလူမျိုးများရဲ့ နှစ်ပေါင်းများစွာကတည်းက ကျင်းပဆင်နွှဲ လာသည့်ရိုးရာ ယဉ်ကျေးမှု ပွဲဖြစ်ပါတယ်၊ ရေရဲ့သဘောဟာအေးမြခြင်း၊ ကြည်လင်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ ငြိမ်းချမ်းခြင်းဖြစ်ပါ တယ်၊ နှစ်ဟောင်းတွင် မြန်မာပြည်သူပြည်သား များကြုံတွေ့ခဲ့ရသည့် မကောင်းတဲ့အတိတ်နိမိတ်၊ မကောင်းတဲ့ အဖြစ် အပျက်တွေအားလုံး နှစ်ဟောင်းမှာကျန်ခဲ့ပြီး လာမယ့်နှစ်သစ် ၁၃၈၁ ခုနှစ်မှာ ရေရဲ့ သဘောသဘာဝဖြစ်တဲ့ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြည်လင်ခြင်း၊ ပျော်ရွှင်ခြင်းတွေ ကြုံတွေ့ပါစေလို့ ဆုတောင်း ပါတယ်၊ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးဟာလည်း တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံး၊ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ၊ ပျော်ပျော် ရွှင်ရွှင်နဲ့ ငြိမ်းချမ်းမှုတွေနဲ့ ရှေ့ဆက်ပြီး လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်း မေတ္တာ ပို့ပါတယ်။

Read 152 times Last modified on Thursday, 18 April 2019 19:47