SJ WorldNews - шаблон joomla Авто

ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတနှင့်ဇနီးတို့အား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

Friday, 19 April 2019 08:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  ၁၈

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်းတို့သည် မြန်မာနိုင်ငံသို့ အလွတ်သဘောခရီး ရောက်ရှိ လည်ပတ်လျက် ရှိသော ဆေးရှဲလ်နိုင်ငံ ဒုတိယသမ္မတ H.E. Mr. Vincent Meriton နှင့်ဇနီး  Mrs. Daniella Hoareau ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ညစာစားပွဲသို့ တက်ရောက်လာကြသည့် ဆေးရှဲလ်နိုင်ငံ ဒုတိယ သမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များကို ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်းတို့က ရင်းရင်းနှီးနှီး ကြိုဆို နှုတ် ဆက်သည်။

ယင်းနောက်  ဒုတိယ သမ္မတနှင့် ဇနီးတို့သည် ဧည့်သည်တော် ဆေးရှဲလ်နိုင်ငံ ဒုတိယ သမ္မတနှင့် ဇနီးတို့ နှင့်အတူ ညစာ အတူတကွ သုံးဆောင်ကြသည်။

ညစာစားပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့် အရာရှိကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

Read 167 times Last modified on Friday, 19 April 2019 08:37