SJ WorldNews - шаблон joomla Авто

တပ်မတော် စစ်သမိုင်း ပြတိုက်သို့ မည်သူ မဆို အခမဲ့ ဝင်ရောက် လေ့လာနိုင်ပါသည်

Friday, 19 April 2019 09:26 font size decrease font size decrease font size increase font size increase font size

တပ်မတော် စစ်သမိုင်းပြတိုက်ကို အမျိုးသားရေး ယုံကြည်ချက်နှင့် ခံယူချက်ပြည့်ဝသည့် မြန်မာ့ တပ်မတော်၏ လွတ်လပ်  ရေး ကြိုးပမ်းမှု သမိုင်းစဉ် တစ်လျှောက်လုံးတွင် ရှေ့ဆုံးမှဦးဆောင်၍ ရဲဝံ့ပြောင်မြောက်စွာ စွန့်စား တိုက်ပွဲ ဝင်ခဲ့မှု၊ လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စွန့်လွှတ်ပေးဆပ်မှုများဖြင့် ထိန်းသိမ်း ကာကွယ်ခဲ့မှု၊ အမျိုးသားရေးကို အစဉ်ဦးထိပ်ထား၍ နိုင်ငံတော်တွင် အခက်အခဲနှင့် ဘေးအန္တရာယ်များ ကြုံတွေ့ ချိန်တိုင်း အသက်ကိုပဓာနမထားဘဲ ရှေ့တန်းမှ မားမားမတ်မတ်ရပ် တည်ဆောင်ရွက်ခဲ့မှု၊ ခေတ်မီ တပ်မတော် အဖြစ် တည်ဆောက်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေးတို့ကို အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့မှု စသည့်သမိုင်းဝင်မှတ်တမ်းများကို ရဟန်းရှင် လူပြည်သူ အပေါင်းက တွေ့မြင်သိရှိလေ့လာနိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် မျိုးချစ်စိတ်ထက် သန်စွာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်ဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ပေါ်ပေါက် လာစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

တပ်မတော် စစ်သမိုင်း ပြတိုက်သည် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း ၂၅၉ မိုင်၊ ၃ ဖာလုံအနီးတွင်တည်ရှိပြီး တပ်မတော်(ကြည်း)ပြကွက် အဆောင် ၆ ဆောင်၊ တပ်မတော်(ရေ )ပြကွက် အဆောင် ၃ ဆောင်နှင့် တပ်မတော်(လေ)ပြကွက် အဆောင် ၃ ဆောင်တို့အပြင် ပြင်ပပြကွက် ၃ ခုတို့ဖြင့် အဆင့်မြင့်စွာ ဖွဲ့စည်း တည်ဆောက်ထားပါသည်။

တပ်မတော် စစ်သမိုင်းပြတိုက်သို့ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက် အနေဖြင့်သော်လည်းကောင်း၊ မည်သူမဆိုအခမဲ့ ၀င်ရောက်လေ့လာနိုင်ပါသည်။ တပ်မတော် စစ်သမိုင်းပြတိုက်ကို အပတ်စဉ် တနင်္လာနေ့တိုင်းနှင့် နေ့ထူးနေ့မြန် ရုံးပိတ် ရက်များ မှအပ နေ့စဉ်(အင်္ဂါနေ့မှ တနင်္ဂနွေနေ့ထိ) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထား ရှိပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

တပ်မတော်စစ်သမိုင်းပြတိုက်

 

Read 301 times Last modified on Friday, 19 April 2019 09:31