SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ

Friday, 19 April 2019 18:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၁၉ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

 

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး နှင့်အတူ သံရုံးမှ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။ 

 

ထိုသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ပြဿနာများအား အစိုးရနှင့် တပ်မတော်၏ ဖြေရှင်းဆောင်ရွက်မှုများအပေါ် နိုင်ငံတကာ မျက်နှာစာတွင် ဂျပန်နိုင်ငံမှ ရပ်တည် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအရေး ကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

 

Read 304 times Last modified on Friday, 19 April 2019 18:58