SJ WorldNews - шаблон joomla Авто

မြောက်ဦးမြို့အနီးရှိ နယ်မြေခံတပ်ဌာနချုပ်သို့ AA အကြမ်းဖက် သောင်းကျန်းသူများက အလစ်အငိုက် တိုက်ခိုက်ရန် ၀င်ရောက်လာစဉ် လုံခြုံရေး ကင်းအဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွား

Saturday, 20 April 2019 19:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ -၂၀

AA အကြမ်းဖက်သောင်းကျန်းသူများသည် မြို့၊ကျေးရွာ အနီးအနားရှိ တပ်ဌာနချုပ်များအား မြို့၊ ရပ်ကွက်၊ ကျေးရွာများကို အကာအကွယ်ရယူ ချဉ်းကပ် တိုက်ခိုက်လျက်ရှိပြီး မိမိဘက်မှ ပြန်လည်ခုခံမှုအပေါ်တွင် မသမာသော နည်းလမ်းများဖြင့် အမြတ်ထုတ်ကာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၄ နာရီခန့်တွင်လည်း မြောက်ဦးမြို့ အနီးရှိ နယ်မြေခံ တပ်ဌာနချုပ်အား အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ရန် အတွက် တိတ်တဆိတ် ချဉ်းကပ်လာသည့် AA အကြမ်းဖက် သောင်းကျန်းသူများ၏ လှုပ်ရှားမှုများအား လုံခြုံရေးကင်းအဖွဲ့များက တွေ့ရှိခဲ့သောကြောင့် လက်ဦးမှုရယူ ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများသည် နောက်ကြောင်းသို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားခဲ့ သည်။

၎င်းတို့ ချဉ်းကပ်ရာ လမ်းကြောင်းတစ်လျှောက်အား မိုင်းရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ အလောင်းတစ်လောင်းအား လက်ပစ်ဗုံးတစ်လုံး၊ ကွန်ကြူးပိုက်ဖြင့် ပြုလုပ်ထားသော ဒေသန္တရ လက်လုပ်မိုင်းတစ်လုံး၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် မြောက်ဦးမြို့နှင့် ပတ်ဝန်းကျင် တစ်ဝိုက်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်၊ မိုင်းဆွဲခြင်း၊ ချောင်းမြောင်း ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့၊ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဒေသခံပြည်သူ လူထုများဖြင့် ပူးပေါင်း၍ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 298 times Last modified on Saturday, 20 April 2019 19:49