SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ မြန်မာ့ ထေရ၀ါဒ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်သို့ ရောက်ရှိ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံးမှ မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်

Thursday, 25 April 2019 12:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်တပ်မတော် အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး တို့လိုက်ပါလျက် ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့၊ ဘာလာရီးခါ ရပ်ကွက်ရှိ မြန်မာ့ထေရ၀ါဒ ဗုဒ္ဓ၀ိ ဟာရ ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်အစ္ဆရိယအား ဖူးမြော်ကြည်ညို၍ မြန်မာ့ထေရ၀ါဒ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်အတွင်း ဓမ္မာရုံတည် ဆောက်မည့် အခြေအနေ များနှင့် ကျောင်းတိုက်တိုးချဲ့တည်ဆောက်ရန် စီစဉ်ဆောင်ရွက် နေမှုများ၊ ကမ္ဘာ့ယဉ်ကျေးမှု ပေါင်းစုံပြတိုက် ပန်းခြံအတွင်း ရွှေစည်းခုံ စေတီတော် ပုံစံတူ တည်ထား ကိုးကွယ်ရန် ဆောင်ရွက်နေသည့် အခြေအနေများနှင့် လိုအပ်ချက် များအား မေးမြန်း လျှောက်ထားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများက လှူဖွယ် ပစ္စည်းများနှင့် န၀ကမ္မအလှူငွေများအား ဆက်ကပ် လှူဒါန်းကြပြီး  ကျောင်းတိုက်တိုးချဲ့ တည် ဆောက်ရန် ဆောင်ရွက်နေမှုများအား ကြည့်ရှုကြသည်။

ထို့နောက် ကျောင်းတိုက်ရှေ့တွင် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံးမှ မိသားစု များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး လိုအပ်ချက်များ မေးမြန်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

         

         

         

Read 123 times Last modified on Thursday, 25 April 2019 12:49