SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ MIG - 29 Service Support Centerသို့သွားရောက်ကြည့်ရှု လေ့လာ၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီးက တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်

Thursday, 25 April 2019 12:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၂၅

ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တပ်မတော် အရာရှိ ကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး တို့ လိုက်ပါပြီး ဧပြီ ၂၄ ရက်မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ MIG - 29 Service Support Center သို့ရောက်ရှိ ကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား MIG - 29 Service Support Center  အစည်းအဝေး ခန်းမတွင်  ညွှန်ကြားရေး မှူးချုပ်က လုပ်ငန်း ဆောင်ရွက်မှု အခြေ အနေများအား ရှင်းလင်းပြောကြားရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မေးမြန်း ဆွေးနွေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Army General  Sergey Kuzhugetovich Shouigu မှ(၈)ကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာ ညီလာခံ (8th Moscow Conference on International Security) တက်ရောက်လာကြသည့် နိုင်ငံများမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

         

         

Read 113 times Last modified on Friday, 26 April 2019 08:52