SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် OJSC Muromteplovoz စက်ရုံသို့ သွားရောက်လေ့လာ၊ မော်စကိုမြို့မှ စိန့်ပီတာစဘက်မြို့သို့ အထူးအမြန်ရထားဖြင့် လိုက်ပါစီးနင်းလေ့လာ

Friday, 26 April 2019 12:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဧပြီ - ၂၆ 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် မူရွန်မြို့ရှိ OJSC Muromteplovoz စက်ရုံသို့ သွားရောက်ကြည့်ရှု လေ့လာ သည်။ 

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ Heliport Moscow မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး မူရွန် (Murom) မြို့သို့ ရောက်ရှိကြရာ OJSC Muromteplovoz စက်ရုံညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ 

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် OJSC Muromteplovoz စက်ရုံမှ ထုတ်လုပ်ထားသည့် သံချပ်ကာယာဉ်များ၏ စွမ်းရည်သရုပ်ပြ ပစ်ခတ်မှုများအား ကြည့်ရှုကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် OJSC Muromteplovoz စက်ရုံအတွင်း သံချပ်ကာယာဉ်များ ထုတ်လုပ်နေမှု အခြေအနေများနှင့် သံချပ်ကာ မီးသတ်ယာဉ်များ ထုတ်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု့ လေ့လာကြရာ စက်ရုံညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် မော်စကိုမြို့မှနေ၍ စိန့်ပီတာ စဘတ်မြို့သို့ အထူးအမြန်ရထားဖြင့် ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုရှိန်နှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညပိုင်းတွင် စိန့်ပီတာ စဘက်မြို့သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးနိုင်ငံ ရေတပ်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

 

Read 308 times Last modified on Friday, 26 April 2019 12:41