SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည် ရောက်ရှိ

Wednesday, 15 May 2019 09:23 font size decrease font size decrease font size increase font size increase font size

ဟနွိုင်း  မေ  ၁၄

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟာဒုန်းပိုးရွာ (Ha Dong Silk Village) သို့ သွားရောက်၍  ပိုးရွာအတွင်း  ပိုးထည် ရက်လုပ်နေမှုနှင့် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှုတို့ကို လှည့်လည် ကြည့်ရှု လေ့လာကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်  ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဗီယက်နမ်နိုင်ငံ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီး H.E.Mr.Nguyen Manh Hung ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Mrs.  Luan  Thuy Duong ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ   မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊   စစ်သံမှူး  ဗိုလ်မှူးချုပ် အောင်ဇေယျနှင့် တာဝန်ရှိသူများက ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ 

နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံရုံးမှ သံရုံးယာယီ တာဝန်ခံ Le  Gia Thinh နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း  သိရသည်။

(သတင်းစဉ်)

Read 206 times Last modified on Wednesday, 15 May 2019 09:24