SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာအစိုးရမှ ဆောင်ရွက်နေသည့် ကိစ္စများ ဆွေးနွေး

Wednesday, 15 May 2019 09:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ  ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် Oslo Center for Peace,Democracy and Human Rights  ၏ ဥက္ကဋ္ဌ Mr. Kjell Magne Bondevik နှင့် မွန်ဂိုလီးယား နိုင်ငံ သမ္မတဟောင်း Mr. Elbegdorj Tsakhia တို့အား ယနေ့နံနက် ၁ဝ နာရီတွင်နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကိစ္စ၊ ငြိမ်း ချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးနှင့် မြှင့်တင်ရေးကိစ္စနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာအစိုးရမှ ဆောင်ရွက်နေသည့် ကိစ္စများကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။       

  (သတင်းစဉ်)

Read 250 times Last modified on Wednesday, 15 May 2019 09:30