SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့တွင် ကူညီပံ့ပိုးနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး

Wednesday, 15 May 2019 09:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ  ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လူသားချင်း စာနာထောက်ထားမှုရေးရာ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA ) ၏ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး Ms.Ursula Muellerနှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကုလသမဂ္ဂဘက်မှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ပေးနေသည့် အစီအစဉ်များ၊ အစိုးရမှ ဆောင်ရွက်လျက်ရှိသည့် IDP စခန်းများ ပိတ်သိမ်းရေး၊ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကူညီပံ့ပိုးရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ကူညီပံ့ပိုးနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)

Read 198 times Last modified on Wednesday, 15 May 2019 09:36