SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ ကဆုန်ညောင်ရေသွန်း လောင်း ပူဇော်

Saturday, 18 May 2019 19:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ မေ - ၁၈ 

မြန်မာတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအ၀င်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်နေ့ ယနေ့တွင် ကျရောက်သော ညောင်ရေသွန်း ပွဲတော်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိ ကုန်တိုက်ရှေ့ လောက ချမ်းသာ ဆုတောင်းပြည့် အသင်း ဘုရားကြီးရှိ မဟာဗောဓိ ညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ 

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် လောကချမ်းသာ ဆုတောင်းပြည့် ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့အား ဆက်ကပ်ပူဇော်သည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များသည် လောကချမ်းသာဆုတောင်းပြည့် အသင်းဘုရားကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်း ပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာဗောဒိ ရုက္ခသိဉ္ဇနပူဇာ ဂါထာတော်အား ရွတ်ဖတ်ပူဇော်ပြီး သတ်မှတ်ထားသည့် နေရာများမှအဖွဲ့အလိုက် မဟာဗောဓိညောင်ပင်များကို ညောင်ရေ သွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။ 

အဆိုပါ ညောင်ရေသွန်းလောင်း ပူဇော်ပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြကာ မဟာဗောဓိညောင်ပင်များကို ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့ကြသည်။ 

အလားတူ တိုင်းစစ်ဌာနချုပ်များတွင်လည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲ များကို ပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်းများ ပြုလုပ် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Read 136 times Last modified on Saturday, 18 May 2019 20:02