SJ WorldNews - шаблон joomla Авто

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Vision 2020 တွင် ပါဝင်သော အရပ်ဘက်လူမှု အဖွဲ့အစည်းများအား လက်ခံတွေ့ဆုံ

Thursday, 23 May 2019 08:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ  ၂၂

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Vision  2020 တွင် ပါဝင်သော အရပ်ဘက်လူမှု အဖွဲ့အစည်းများအား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Vision  2020 အဖွဲ့အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရေး၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်သွင်းခြင်း စသည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များက အကြံပြု ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။                                         

 (သတင်းစဉ်)

Read 211 times Last modified on Thursday, 23 May 2019 08:15