SJ WorldNews - шаблон joomla Авто

မန္တလေးတိုင်း ဒေသကြီးနှင့်မကွေးတိုင်း ဒေသကြီး အတွင်းရှိ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ သည့်ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Thursday, 23 May 2019 08:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မင်းဘူးမြို့နယ်၊ ငဖဲမြို့နယ်များအတွင်း မေ ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် လေပြင်း တိုက်ခတ် မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဘုန်းကြီးကျောင်းခုနစ်ကျောင်း၊ စာသင်ကျောင်း ခုနစ်ကျောင်းနှင့် လူနေအိမ်အချို့တို့ အမိုးလန်၊ ပြိုကျပျက်စီး ခြင်းများဖြစ်ပေါ်ခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သော   ကျေးရွာများသို့ မေ ၂၁ ရက်နှင့် ယနေ့တို့တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊   ကျောက်ပန်းတောင်း တပ်နယ်၊  ရမည်းသင်းတပ်နယ်၊  မကွေးတပ်နယ်၊ သရက်တပ် နယ်နှင့် ပဒါန်းတပ်နယ်တို့မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 82 times Last modified on Thursday, 23 May 2019 08:23