SJ WorldNews - шаблон joomla Авто

မြန်မာ့ရုပ်သေး အနှစ်သာရ ပိုင်းအတွက် မျိုးဆက်သစ်များကို ပျိုးထောင်ပေးရန် လိုအပ်နေ

Thursday, 23 May 2019 09:14 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ယဉ်ကျေးမှု

မြန်မာ့ရုပ်သေး အနှစ်သာရပိုင်းအတွက် အနာဂတ်ကာလတွင် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးရန် လိုအပ် နေကြောင်း ထွေးဦးမြန်မာရုပ်သေးအဖွဲ့  တည်ထောင်သူ ဦးခင်မောင်ထွေးထံမှ သိရသည်။

''ဦးထွေးတို့ရဲ့ ရုပ်သေးကြိုးဆွဲပညာကို အခု တက္ကသိုလ်တွေမှာ သင်ကြားတာတွေ၊   ခရီးသွားလုပ်ငန်းတွေမှာ  လုပ်ကိုင် နေကြ တာတွေကြောင့်လည်း ပျောက်ကွယ် မသွားတာပါ။                 

ဒါပေမဲ့   အဆို၊  အငိုပိုင်း အပါအဝင် အနှစ်သာရပိုင်းမှာတော့ မျိုးဆက်သစ်တွေကို  လေ့ကျင့် မွေးထုတ်ပေးဖို့   လိုအပ် ပါတယ်။ လက်ရှိမှာ ရုပ်သေးကြိုးဆွဲ လုပ်ကိုင်နေတဲ့ အပြင်က ပရော်ဖက်ရှင်နယ်မျိုး တင်ဆက် နေတဲ့ ပညာရှင်တွေက      အသက်အရွယ် အားဖြင့် ၈ဝ လောက်ရှိနေပြီ။ အဲဒီလိုပညာရှင်တွေမှာ တချို့က သူတို့ရဲ့ မျိုးဆက် သားသမီးတွေက ဒီလို ရုပ်သေးကြိုးဆွဲကို လုပ်ကိုင်လာ တာတွေရှိပါတယ်။ ပရိသတ်ကိုဖျော်ဖြေမှုပိုင်းနဲ့ အနှစ်သာရပိုင်း ကျတော့ လိုအပ်ချက် တွေရှိနေသေးတာကြောင့် စနစ်တကျ မွေးထုတ်ပေးဖို့လိုအပ်ပါသေးတယ်''ဟု ဦးခင်မောင်ထွေးက ပြောသည်။

မြန်မာ့ရုပ်သေးသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်  လက်ရာစစ်လည်း ဖြစ်သကဲ့သို့ နှစ်ပေါင်းရာချီကာ ဖြစ်ထွန်း တည်ရှိခဲ့သော အနုပညာဖြစ်ကြောင်း၊  မြန်မာ့ယဉ်ကျေးမှု ကို လေ့လာခံစားကာ လာရောက်ကြသော နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် ရုပ်သေးကြိုးဆွဲအကကို အချိန်ပေး၍ လေ့လာလေ့ရှိကြောင်း သိရသည်။

''ရုပ်သေးကြိုးဆွဲပညာက   ပုဂံခေတ်က စတင်တယ်လို့ စာပေတချို့မှာ ဖော်ပြတာ တွေရှိသလို အင်းဝခေတ်မှာလည်း ရုပ်သေး နဲ့ပတ်သက်တဲ့ အထောက်အထားတွေရှိတာ ကြောင့်    ဦးထွေးရဲ့အထင်အရပြောရရင် အနည်းဆုံးတော့ နှစ်ပေါင်း ၅ဝဝ၊ ၆ဝဝ ကျော်ကတည်းက  ရှိခဲ့တဲ့အနုပညာလည်း ဖြစ်ပါတယ်''  ဟု  ဦးခင်မောင်ထွေးကပြော သည်။

ထိုကဲ့သို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများ၏ အရင်းခံဖြစ်သော ရုပ်သေးကို ကြိုးဆွဲပညာ ရပ်ပိုင်းသာမက အနှစ်သာရ ပိုင်းကိုပါ ဖြည့်ဆည်းနိုင်ရေး   အစိုးရပိုင်းကလည်း လိုအပ်သော  ကူညီဖြည့်ဆည်းမှုများ  ပြုလုပ်ပေးရန် လိုအပ်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

.................

Read 330 times