SJ WorldNews - шаблон joomla Авто

နှစ်နိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၌ အပြန်အလှန် အကူအညီပေးရေး ကိစ္စရပ်များ ဆွေးနွေး

Thursday, 23 May 2019 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်သည် တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေး တက်ရောက်ရန်နှင့် မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီးံ H.E. Mr. Teodoro  L.Locsin, Jr.အား ယနေ့ညနေ  ၃ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၌ အပြန်အလှန်အကူအညီပေးရေး ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးနှင့် ဖိလစ်ပိုင် အဆင့်မြင့် အရာရှိကြီးများ တက်ရောက် ခဲ့ကြသည်။                                         

(သတင်းစဉ်)

Read 258 times Last modified on Thursday, 23 May 2019 09:34