SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော် သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေလှူဒါန်း

Friday, 24 May 2019 08:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၂၃

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့်တိုင်းဒေသ ကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများ က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ များ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်း စစ်ဌာနချုပ်က ပုဗ္ဗသီရိမြို့နယ်၊  ဖက်တဲကုန်း ကျေးရွာ သို့ သောက်သုံးရေ ၁၆ဝဝ ဂါလန်ကိုလည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ဘားအံမြို့၊ ကော့ထော် ရွာသစ်၊ လှိုင်းဘွဲ့မြို့နယ်၊ စည်းစိမ်ကုန်းကျေးရွာနှင့် သံဖြူဇရပ်မြို့၊ အောင်သာယာ ရပ်ကွက်သို့ သောက်သုံးရေ ၄၈ဝဝ ဂါလန်နှင့် သောက်ရေသန့် ဘူးကြီးများကို လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်က တနင်္သာရီမြို့နယ်၊ မရင်းကြီး ကျေးရွာသို့ သောက်သုံးရေ ၁ဝဝဝ ဂါလန်ကို လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်သို့ သောက်ရေသန်းဘူးကြီးများကိုလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အမ်းမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဇာဒီမော်ကျေးရွာသို့ သောက်သုံး ရေ ၂၄ဝဝ ဂါလန်ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာ နချုပ်က တံတားဦးမြို့နယ်၊ သဲမောင်းကန်ကျေးရွာနှင့်စလင်းမြို့၊ တည်ဘိုကန်ကျေးရွာများသို့ သောက်သုံးရေ ၆ဝဝဝ ဂါလန်နှင့် သောက်ရေသန့်ဘူးကြီးများကို လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် က ပန်းတောင်းမြို့နယ်၊ ကြာအင်း ကျေးရွာ၊ ပေါက်ခေါင်းမြို့နယ်၊ ဝါးရုံပင်လယ်ကျေးရွာ နှင့် သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာ အုပ်စု၊ ပြွန်ပေါက် ကျေးရွာများသို့ သောက်သုံးရေ  ၈၅ဝဝ ဂါလန်ကိုလည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။

ရေလှူဒါန်းမှု အနေဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် ခုနစ်တိုင်းတို့မှ သောက်သုံးရေဂါလန် ၂၄၃ဝဝ ဂါလန်ကို လှူဒါန်း ပေးနိုင်ခဲ့ပြီး အဆိုပါသောက်သုံးရေရှားပါးမှုကြုံတွေ့ နေရသောနေရာများသို့ သောက်သုံးရေ လိုအပ်ချက် အပေါ်မူ တည်၍ ဆက်လက် လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 260 times Last modified on Friday, 24 May 2019 08:31