SJ WorldNews - шаблон joomla Авто

မြို့ပြလူနေမှုစနစ် ဖွံ့ဖြိုးတိုး တက်လာစေရန် ပုသိမ်တံတား အမှတ်(၂)ကိုတည်ဆောက်

Friday, 24 May 2019 08:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်များသို့ တိုက်ရိုက် ဆက်သွယ်ကာ မြို့ပြလူနေမှုစနစ်ကို ဖော်ဆောင်ရန် တည်ဆောက်နေသော ပုသိမ်တံတား အမှတ်(၂) စီမံကိန်းသည်  ယခုအခါတွင်  ဘိုးပိုင်တူးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၆ဝရာခိုင်နှုန်းကျော်ပြီး စီးနေပြီ ဖြစ်ကြောင်း တံတား အထူးအဖွဲ့(၁၆)၏ စီမံကိန်းမှ သိရသည်။

ထိုစီမံကိန်းသည် ပုသိမ်မြို့ရှိ ယခင်မူလ မေတ္တာဦးဆိပ်ခံ တံတားဟောင်းနှင့် ပုသိမ်မြို့တစ်ဖက်ကမ်းဖြစ်သော   စိန်ကုန်း ဘက်ခြမ်းရှိ ရပ်ကွက်များဖြစ်သည့် အမှတ်(၈)နှင့် (၉)ရပ်ကွက်တို့ကိုဖြတ်သန်းကာ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီး တည်ဆောက် ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့(၁၆)မှတာဝန် ယူတည်ဆောက်နေခြင်းဖြစ်သည်။ တံတား သစ်၏ ချဉ်းကမ်လမ်းအပါအဝင် ငွေကျပ် ၂၂ ဒသမ ၅ ဘီလီယံ အကုန်အကျခံတည် ဆောက်သွားမည်ဖြစ်သည်။ စီမံ ကိန်းတွင် တံတားအထူးအဖွဲ့(၁၆)မှ ကျွမ်းကျအင်ဂျင်နီယာ ၂ဝဦးကျော်နှင့် ကာယဥာဏ လုပ်သား ၂ဝဝ ဦးကျော်တို့ဖြင့် တည် ဆောက် နေခြင်း ဖြစ်ကြောင်း တံတား အထူးအဖွဲ့(၁၆)၏ စီမံ ကိန်းမှ သိရသည်။

အဆိုပါစီမံကိန်းကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ဖောင်ဒေးရှင်း လုပ်ငန်းများစတင်ခဲ့ပြီး လက်ရှိတွင်  ပုသိမ်ဘက်ကမ်းရှိ ချဉ်းကပ်တံတားအတွက် ဘိုးပိုင်တူးဖော် ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်သည်။  Pile  Cap လုပ်ငန်း များမှာလည်း P1 မှ P5  အထိ ဆောင်ရွက်ပြီးစီးနေပြီး စိန်ကုန်းဘက်ကမ်းရှိ ချဉ်းကပ်တံတား ဆောင်ရွက် နေမှုမှာလည်း ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ကာ Pile Cap လုပ်ငန်းများအား ဆက်လက် ဆောင်ရွက် လျက်ရှိ သည်။ ပင်မတံတား ရေလယ်တိုင် (RP-2) ဘိုးပိုင်တူးခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက် လျက်ရှိ ကြောင်းနှင့် မေလ နောက်ဆုံး ရက်သတ္တပတ် မတိုင်မီ ပင်မတံတားရေလယ်တိုင် (RP-2) ဘိုးပိုင်တူးခြင်း လုပ်ငန်းများ ပြီး စီးရန် လျာထားကြောင်း သိရသည်။

 အဆိုပါ တံတားသစ် အမျိုးအစားမှာ သံမဏိ သံပေါင်တံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ HS 25 Load Class ဖြစ်ကာ တံတားသစ်၏ အရှည်ပေ စုစုပေါင်း ၂၃၈ဝပေ ရှိမည်ဖြစ်သည်။ ယာဉ်သွားလမ်း အကျယ် ၂၈ပေရှိပြီး လူသွားလမ်း တစ်ဖက်လျှင်  အကျယ်  ၅ ပေစီ ပါဝင်ကာ ရေလမ်းကင်းလွတ် အကျယ် ၄၁၆ ပေနှင့် အမြင့်ပေ ၆ဝ ရှိသည်။

တံတားသစ်စီမံကိန်းအား နှစ်နှစ်အတွင်းပြီးစီးရန်လျာထား ခြင်းဖြစ်သောကြောင့် ကျန်ရှိသည့်အခြား လုပ်ငန်းများကို လည်း ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလအတွင်း  ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

Read 264 times Last modified on Friday, 24 May 2019 08:32