SJ WorldNews - шаблон joomla Авто

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထွက်မည့်ရက်ကို သတင်းစာများတွင် ထုတ်ပြန် အသိပေးကြေညာမှသာ အတည် ဖြစ်မည်

Monday, 27 May 2019 07:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၂၆

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်မည့်ရက်ကို    နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်အသိပေးကြေညာမှသာ အတည်ဖြစ် မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးထံမှ  သိရသည်။

''တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်မယ့်ရက်က နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ပေးသွားမှာပါ။ နိုင်ငံပိုင် သတင်းစာတွေမှာ မပါသေးဘဲ လူမှုကွန်ရက်စာမျက်နှာတွေမှာပါနေတာတွေက ကျွန်တော်တို့လည်း မသိသေးဘဲ ထွက်နေတာတွေဖြစ်တယ်။  အတည်ယူလို့တော့ မရပါဘူး။ အခုအချိန်မှာ အောင်စာရင်းထွက်မယ့် ရက်ကို အတိအကျ မထုတ်ပြန်ရသေးပါဘူး''ဟု မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနမှ  အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ယခုအခါတွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထွက်ရှိနိုင်ရေးအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် သက်ဆိုင်ရာဘုတ်အဖွဲ့များမှ တာဝန်ရှိသူများစုရုံးကာစခန်းသွင်း၍    အမှတ်စာရင်းလက်ခံမှုများနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်ဆဲရှိသေးကြောင်း သိရသည်။

လက်ရှိတွင်  လူမှုကွန်ရက် စာမျက်နှာများ၌ ဇွန် ၂ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း   ရေးသား ဖော်ပြချက်များနှင့် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာနကျောင်းများ၌ တစ်ချိန်တည်း ကပ်ထားမည့် အပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website  ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း ရေးသား ဖော်ပြချက်များ ရှိနေကြောင်း၊   ယင်းဖော်ပြချက်များကြောင့် အများပြည်သူများ အကြားတွင် ကောလာဟလ ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

တစ်နိုင်ငံလုံး အောင်စာရင်းထွက် မည့်ရက်ကို ပညာရေး ဝန်ကြီးဌာန၏  အသိအမှတ်ပြုမှု နှင့်အတူ နိုင်ငံပိုင် သတင်း စာများမှ ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

မောင်မျိုး(ဧရာဝတီ)

.............

Read 85 times Last modified on Monday, 27 May 2019 07:53