SJ WorldNews - шаблон joomla Авто

ပုဂံဒေသအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ခွင့်ကို ဇူလိုင်လတွင် အဇာဘိုင်ဂျန်၌ ကျင်းပမည့် UNESCO ညီလာခံတွင် ဆုံးဖြတ် သွားမည်

Monday, 27 May 2019 08:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၂၆

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ခွင့်ရ၊ မရကို ၂ဝ၁၉ခုနှစ် ဇူလိုင်လတွင် အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပမည့် (၄၃)ကြိမ်မြောက်  UNESCO ညီလာခံတွင်  ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းက   ရန်ကုန်တိုင်းဒေသကြီး   ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်များရုံး၌ကျင်းပသည့် ပုဂံဒေသအား မြန်မာ့အမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်ရောက်ရေး ကြိုဆိုပွဲနှင့် ပုဂံ ဒေသဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲမှသိရသည်။

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်ရန် ၁၉၉၆ခုနှစ်တွင် တင်သွင်း ခဲ့သော်လည်း သတ်မှတ်ထားသည့် အချက် အလက်များ ပြည့်စုံမှုမရှိသည့်အတွက် တင်သွင်းခွင့် မရရှိခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင်  ကမ္ဘာ့အမွေအနှစ် တင်သွင်းရန်   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက  လုပ်ဆောင်ခဲ့ကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင်  သတ်မှတ်ထားသည့် အချက်အလက် အပြည့်အစုံဖြင့် ပြန်လည်တင်သွင်း နိုင်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

''ပုဂံဒေသကို  ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်ခွင့်ရသွားရင်  နိုင်ငံ့ဂုဏ် မြင့်မားလာပြီး ခရီးသွားလုပ်ငန်း လည်း မြင့်တက် လာနိုင်မှာဖြစ်ပါတယ်။ ပုဂံဟာမြန်မာ့အမွေ အနှစ်ကနေ ကမ္ဘာ့အမွေ အနှစ်ကို တက်လှမ်း သွားနိုင်ပြီ ဆိုရင် နိုင်ငံရဲ့ ယဉ်ကျေးမှုမျက်နှာစာလည်း မြင့်တက်သွားမှာပါ။ ပြည်ပခရီးသွာ ဧည့်သည်တွေက  အဓိက ပုဂံကို လာကြတာ၊ အဲတော့ ခရီးသွားလုပ်ငန်း မြင့်တက်လာမယ်၊ ခရီးသွားလုပ်ငန်း မြင့်တက်လာတာနဲ့အမျှ ဒေသခံ ပြည်သူတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ တစ်ဆက်တည်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်''ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန    ဒုတိယ ညွှန်ကြားရေး မှူး ချုပ် ဦးသိန်းလွင်က ပြောသည်။

ပုဂံဒေသအားကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ခွင့်ရ၊မရကို ဇူလိုင်လတွင် အဇာဘိုင်ဂျန်၌ကျင်းပမည့် (၄၃)ကြိမ်မြောက် UNESCO  ညီလာခံတွင်  ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ကို ၂ဝ၁၄ခုနှစ်တွင် ပျူမြို့ဟောင်းသုံးခု ရရှိခဲ့ကြောင်း၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခွင့်ရခဲ့ပါက၂ဝ၂ဝတွင် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ဆက်လက်တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် ပုဂံဒေသကို မြန်မာ့အမွေအနှစ်မှ   ကမ္ဘာ့အမွေအနှစ် စာရင်း (၂ဝ၁၉) ဝင်ရောက်ရေးကြိုဆိုပွဲနှင့် ပုဂံဒေသဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲတွင် စီမံခန့်ခွဲမှုကျွမ်းကျင် ပညာရှင် Mr.Kai Weise ၊ အမွေအနှစ် ထိန်းသိမ်း ရေး ပညာရှင် ဒေါ်ဥမ္မာမျိုး၊  ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းလွင်၊ နှလုံးသားထဲက ပုဂံအဖွဲ့မှ ဦးမျိုးဆွေသန်းနှင့် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ပညာ အသင်းမှ အတွင်းရေးမှူး ဦးသူရအောင်တို့က ပုဂံဒေသနှင့် ပတ်သက်ပြီး အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝန်းရံခ

 

Read 91 times Last modified on Monday, 27 May 2019 08:43