SJ WorldNews - шаблон joomla Авто

ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်- မိုးကြိုးပစ် ကျေးလက်ကတ္တရာလမ်းဖွင့်လှစ်

Monday, 27 May 2019 08:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၆

ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝတိုးတက် မြင့်မားရေးနှင့်လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့်  ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့ နယ်၌  ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ရေကြီးရေလျှံနှင့် မြေပြိုမှုများကြောင့် အရေးပေါ် ပြန်လည်ထူထောင်ရေးစီမံကိန်း၏ ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်-မိုးကြိုးပစ်ကျေး လက် ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် အဆိုပါလမ်းအပိုင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်-မိုးကြိုးပစ်ကျေးလက်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးခင်သက်၊ ကမ္ဘာ့ဘဏ်မှ Representative  of  Country Management, Mr. Mark Austin ESihf Task Team Lead , Ms.Hinerike  Brecht  တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ  မန်းဝင်းခိုင်သန်းက အမှာစကား ပြောကြားရာတွင် ကျေးလက်လမ်းများ အဆင့်မြှင့် တင်ခြင်းနှင့် ရေရှည် ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ ဘတ်ဂျက်တစ်ခုတည်း သာမကပဲ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၏ အထောက်အပံ့၊ ချေးငွေအကူအညီယူပြီး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့   လွှတ်တော် ကဏ္ဍကလည်း ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ရန်ပုံငွေ ရရှိ ရေးကို အထောက်အကူ ပြုပေးသွားမည်ဖြစ်ကြောင်း။

ယခုစီမံကိန်းသည်   ရေကြီးရေလျှံနှင့်  မြေပြိုမှုများကြောင့် အရေးပေါ်ပြန်လည် ထူထောင်ရေး စီမံကိန်းကို ကမ္ဘာ့ဘဏ် ချေးငွေ အကူအညီဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၇ဝ ဖြင့်  မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ အတွင်းရှိ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်း များကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်း စဉ်များ ဆောင်ရွက်မည်ဖြစ်သည့်အတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီသော သဘာဝဘေး ဒဏ်ခံနိုင်ရည်ရှိ သော လမ်းတံတား များအဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

အဆိုပါ ကျေးလက်လမ်းသည် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည့် အတွက် ကျေးလက်နေပြည်သူများ ရာသီမ ရွေး အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ပြီး ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ ကလည်း ယခု ကျေးလက်လမ်းကို   ရေရှည် တည်တံ့အောင် ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က လက်ရှိ နိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၃၈၈၉ ရွာရှိပြီး ကျေးလက်လမ်းမိုင်အရှည်  စုစုပေါင်း ၅၅၅ဝ၇ မိုင်နှင့် ကျေးလက်တံတား ၂၄၁၈၃ စင်းကို တာဝန်ယူ တည်ဆောက် ထိန်းသိမ်း လျက်ရှိပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခွင့်ပြုရန် ပုံငွေကျပ် ၃၂၅ဘီလီယံဖြင့် စုစုပေါင်း ကျေးလက်လမ်းအရှည် ၂၈၃၈မိုင်ကို ကွန်ကရစ်  ၃ဝ၆ မိုင်၊ ကတ္တ ရာလမ်း ၃၂၈ မိုင်၊ ကျောက် ချောလမ်း ၄၂၅ မိုင်၊ ဂဝံ/ဂျင်းလမ်း ၁ဝ၈၅မိုင်၊ မြေသားလမ်း ၆၉၄ မိုင်နှင့်  စုစုပေါင်း ကျေးလက်တံတား ၁၄၉၈ စင်းကို ကွန်ကရစ် တံတား ၄၇ဝ စင်း၊ သြထ ဃကူလနမအ ၉ဝ၈ စင်း၊ ရေကျော်/အခြား ၈ဝ စင်းနှင့် ဘေလီ/ကြိုးတံတား ၃၇ စင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်း ကျေးလက်လမ်းတံတားတည် ဆောက် ပြုပြင်ရေးလုပ်ငန်းပမာဏများပြား သည့်အတွက် ဝန်ကြီးဌာနနှင့် အခြားသက် ဆိုင်ရာဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ အစည်းများနှင့် နီးနီးကပ်ကပ် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

ယခု ရေကြီးရေလျှံနှင့်မြေပြိုမှုများကြောင့် အရေးပေါ် ပြန်လည်ထူထောင်ရေး စီမံကိန်းသည် ၂ဝ၁၅ ခုနှစ်က မိုးသည်း ထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံနှင့်  မြေပြိုမှုများ ခံစားခဲ့ရသည့် ကျေးလက်လမ်းများ ပြန်လည်ပြုပြင် ဆောင်ရွက် ရန်အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၇ဝ အတိုးမဲ့ချေးငွေအကူအညီဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး

တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးများ အတွင်းရှိ မြို့နယ်ပေါင်း ၄၃ မြို့နယ်ရှိ ကျေးလက်လမ်းအရှည် ၁၈၉ မိုင်  ၄ ဖာလုံနှင့် တံတား ၂၉ စင်း ပြန်လည်ပြုပြင်ရန်အတွက် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြောင်း။

ကျုံပျော်မြို့နယ် ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်- မိုးကြိုးပစ် ကျေးရွာချင်းဆက် ကတ္တရာလမ်း ၁၄ ကီလိုမီတာကို အသုံးပြုခြင်း အားဖြင့် ပြည်သူများအတွက် အချိန်နာရီဝက် ခန့်သက်သာသွားပြီး သယ်ယူပို့ဆောင်စရိတ် သက်သာ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကမ္ဘာ့ဘဏ်ဘက်မှ Repre-sentative of Country  Management, Mr. Mark Austin က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကမ္ဘာ့ဘဏ်ဘက်မှ Task Team  Lead, Ms. Hinerike Brecht က စီမံကိန်း နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌသည် ပြည်ထောင်စု ဝန်ကြီး၊ ဝန်ကြီးချုပ်၊ ဧည့်သည်တော်များ၊ ဒေသခံပြည်သူ များနှင့် အတူ  ရှမ်းစု-ချောင်းစောက်-လှည်းဆိပ်- မိုးကြိုးပစ်ကျေးလက် ကတ္တရာ လမ်းကို ကြည့်ရှုသည်။

ယနေ့ ဖွင့်လှစ်သည့် ရှမ်းစု- ချောင်းစောက်- လှည်းဆိပ်- မိုးကြိုးပစ် ကျေးလက်ကတ္တရာ လမ်းသည် ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော် မြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၂၄၈၇ အိမ်၊ လူဦးရေ ၁ဝ၆၂၇ တို့ကို တိုက်ရိုက် အကျိုးပြုမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာသည်နှင့်အညီ ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

Read 90 times Last modified on Monday, 27 May 2019 08:44