SJ WorldNews - шаблон joomla Авто

ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ် ပထမအကျော့တွင် စစ်ကိုင်းနှင့် ရန်ကုန် အသင်းတို့ သရေကျ

Monday, 27 May 2019 08:58 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၂၆

၂ဝ၁၉  ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲ  ဆီမီးဖိုင်နယ်ပထမအကျော့(ဒုတိယနေ့)ကို ယနေ့ညနေပိုင်းတွင် မုံရွာမြို့ရှိ တိုင်းအားကစားကွင်း၌ကျင်းပရာ စစ်ကိုင်း အသင်းနှင့် ရန်ကုန်အသင်းတို့  တစ်ဂိုးစီသရေကျခဲ့သည်။

ယခုပွဲသရေရလဒ်ကြောင့် နှစ်သင်းစလုံးဗိုလ်လုပွဲတက်ရောက်ရန် အခွင့်အရေးဆတူ ရှိနေဆဲဖြစ်ပြီး ဒုတိယ အကျော့အထိ စောင့်ကြည့်ရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အဝေးဂိုးရခဲ့သော်လည်း တစ်ဂိုးစီသရေရလဒ်ကြောင့် ဗိုလ်လုပွဲ တက်ရောက်ရန် အိမ်ကွင်းပွဲ၌ ရုန်းကန်ရမည်ဖြစ်သည်။ ယခုရာသီတွင် ခြေစွမ်းပြနေသည့် စစ်ကိုင်းအသင်းမှာ ဗိုလ်လုပွဲသို့  ပထမဆုံးတက်ရောက်နိုင်ရန် အဝေးကွင်း၌ရလဒ်ကောင်းရန် ကြိုးပမ်းရမည်ဖြစ်သည်။

စစ်ကိုင်းအသင်းသည်  နိုင်ငံခြားသားကစားသမားသုံးဦး အပါအဝင် လူစုံအသုံးပြုခဲ့ပြီး ရန်ကုန်အသင်းသည် ရာသီဝက် အပြောင်း အရွှေ့ကာလတွင် အသစ်ခေါ်ယူထားသည့် နိုင်ဂျီးရီးယား နောက်ခံလူ  အန်ဒါဆင် ဝက်စ်ကို ပွဲထွက် လူစာရင်းတွင်အသုံးပြုကာ ဆယ်လာ၊ မောင်မောင်လွင်၊ ရန်အောင်ကျော်၊ ကျော်ဇင်ထက်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ရန်ကုန်အသင်းသည်  ၃၆ မိနစ်တွင် ဂိုးစတင်ရရှိခဲ့သည်။   မောင်မောင်လွင် ကန်တင်ပေးသည့် ထောင့်ကန်ဘောကို အီစိုး ကခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်း အသင်းသည် ၄၅+၂ မိနစ်တွင် ဒိုနယ်၏ ထိုးဖောက်မှုကို    ရန်ကုန်နောက်ခံ လူဖျက် ထုတ်ပုံကြမ်းခဲ့သောကြောင့် ပယ်နယ်တီကန် ခွင့်ရခဲ့သည်။   ယင်းပယ်နယ်တီကိုအသင်း ခေါင်းဆောင်ဒိုနယ်က ကန်သွင်းခဲ့၍ စစ်ကိုင်းအသင်း ချေပဂိုးပြန်ရခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်ရရန် ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း  သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ရသည်။

ရန်ကုန်အသင်းနှင့် စစ်ကိုင်းအသင်းတို့၏ ဒုတိယ အကျော့ပွဲကို ဇွန် ၂  ရက်တွင် YUSC ကွင်း၌ ကျင်းပမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များကို ဇွန် ၁ နှင့် ၂ ရက်တို့တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

Read 168 times Last modified on Monday, 27 May 2019 09:00