SJ WorldNews - шаблон joomla Авто

အသိပေးကြေညာခြင်း

Monday, 27 May 2019 15:43 font size decrease font size decrease font size increase font size increase font size

၂၀၁၉ ခုနှစ်၊ မေ ၂၅ ရက်တွင် မြ၀တီရုပ်မြင်သံကြား၌ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲ(ဆီမီးဖိုင်နယ်) ပထမအကျော့ ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှု များအား တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။ ယင်းသို့ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပွဲချိန် ၁၀ မိနစ် ၃၅ စက္ကန့်၌ ရခိုင်ယူနိုက်တက် အသင်းဘက်သို့ ပထမဂိုး သွင်းယူအပြီးတွင် အစီအစဉ်ကြေညာသူ၏ မသင့်မလျော် အာမေဋိတ်သံများ ထွက်ပေါ်ခဲ့ပါသည်။

ယင်းသို့ မသင့်မလျော်သည့် စကားသံများ ပါသွားခဲ့သည့်အတွက် မြ၀တီရုပ်မြင်သံကြား အနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရပါသည်။ယင်းအတွက် ဘောလုံးပွဲကြည့် ပရိတ်သတ်များ၊ ဘောလုံးအသင်း၊ ဘောလုံးအားကစားသမားများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့အား အနူးအညွှတ် တောင်းပန်ပါကြောင်းနှင့် အစီအစဉ်ကြေညာသူအား လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ပါ ကြောင်း အသိပေး ကြေညာအပ်ပါသည်။

မြ၀တီရုပ်မြင်သံကြား

Read 8341 times Last modified on Monday, 27 May 2019 15:44