SJ WorldNews - шаблон joomla Авто

တနင်္သာရီ တံတားသစ် တည်ဆောက်နေမှု စီမံကိန်းလုပ်ငန်း ၆၉ ရာခိုင်နှုန်း ပြီးစီး

Wednesday, 12 June 2019 08:00 font size decrease font size decrease font size increase font size increase font size

တနင်္သာရီ   ဇွန်   ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းသွားသည့် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ အဓိက အရေးပါသော တံတားများအနက် တစ်စင်းဖြစ်သည့် မြိတ်-တနင်္သာရီ ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၄၉/၄) နှင့် (၄၉/၆)ကြားရှိ တနင်္သာရီမြစ်ကိုဖြတ်၍ တနင်္သာရီမြို့အဝင် တနင်္သာရီတံတား သစ်တစ်စင်းကို  ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုး ထွန်းနှင့် အဖွဲ့က ၂ဝ၁၇ ခုနှစ် သြဂုတ် ၁ရက်မှစ၍ တာဝန်ယူ ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်ထိ တံတား တစ်စင်းလုံး တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း၏ ၆၉ တံတားတည်ဆောက်ရေး တာဝန်ခံထံမှ သိရသည်။

တနင်္သာရီတံတား၏အရှည်မှာ ၁၄၄၄ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်လျှင် ၄ ပေ၊ ရေလမ်း ကင်းလွတ်အကျယ် ၁၆၄ ပေ၊ ရေလမ်းကင်း လွတ်အမြင့် ၃၃ ပေဖြစ်ကာ တံတားအမျိုး အစားမှာ     နှစ်လမ်းသွား သံပေါင်သံကူ ကွန်ကရစ်ကြမ်းခင်း အမျိုးအစားဖြစ်ကြောင်း သိရသည်။

အဆိုပါတံတား တည်ဆောက်ရေးစီမံကိန်း ခန့်မှန်းတန်ဖိုးမှာ ငွေကျပ် ၁၂ဒသမ ၆ဘီလီယံဖြစ်ပြီး      ယခုဘဏ္ဍာနှစ် အထိ  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံ ငွေကျပ် ၆ ဒသမ ၇ ဘီလီယံရရှိပြီးဖြစ်၍ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာ နှစ်တွင် ထပ်မံလိုအပ် ရန်ပုံငွေကျပ်  ၅ဒသမ  ၉ဘီလီယံ ကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့က  လျာထား လျက်ရှိပြီး  င်းရန်ပုံငွေ ရရှိပါက  တနင်္သာရီ တံတားသစ်အား ၂ဝ၂ဝပြည့်နှစ် မေလတွင် ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။

အဆိုပါ တံတားသည်    မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးအတွက် အဓိကကျသော  အာဆီယံ လမ်းမကြီးပေါ်တွင် တည် ဆောက် ထားသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေခြင်း၊ ကုန်သွယ်စီးဆင်း မှုလျင်မြန် ချောမွေ့ စေခြင်းနှင့် အများပြည်သူများ လွယ်ကူစွာ သွားလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည့် တံတား တစ်စင်း ဖြစ်ကြောင်း သိရသည်။

နန်းသာရီ- ထိန်ဝင်း

...........

Read 223 times Last modified on Wednesday, 12 June 2019 08:00