SJ WorldNews - шаблон joomla Авто

ကျောက်စိမ်း အတွဲပေါင်း ၁ဝ၃ တွဲကိုရောင်းချနိုင်ခဲ့

Wednesday, 12 June 2019 08:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၁

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ စတုတ္ထမြောက်နေ့ကို ယနေ့တွင် နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ဆက်လက် ကျင်းပသည်။

အဆိုပါကျောက်မျက် ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ ကုမ္ပဏီပေါင်း ၇၁၈ ခုမှ ပြည်တွင်းရတနာကုန်သည် ၁၉၉၃ ဦးတက်ရောက်ရန် မှတ်ပုံတင်ထားရှိပြီး ယနေ့တွင် ကျောက်စိမ်းအတွဲ ၁ဝ၅ဝ တွဲကို  အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း ၁ဝ၃၈ တွဲကို တန်ဖိုးငွေကျပ် ၁၈၈ဝဝ ဒသမ ၁၆၅ သန်းဖြင့်   ရောင်းချနိုင်ခဲ့သည်။

ထို့ပြင် ဇွန် ၁၂ ရက်(ယနေ့)တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲ အမှတ်(၁) မှ (၁ဝ၅ဝ) ထိကို ရတနာ ကုန်သည်များက စိတ်ကြိုက်စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်း ပေးသွင်းလွှာများကို စနစ်တကျ ထည့်သွင်းခဲ့ကြသည်။

ယခုကျင်းပသည့်ပွဲတွင် ကျောက်စိမ်း အတွဲ  အမှတ်(၁)မှ အတွဲအမှတ် (၁ဝ၅ဝ)ထိ ၁ဝ၅ဝ တွဲကို ဇွန် ၁၁ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ် ၁ဝ၅၁ မှ အတွဲအမှတ် (၂၁ဝဝ) ထိ ၁ဝ၅ဝ တွဲကို ဇွန်၁၂ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ်(၂၁ဝ၁)မှ အတွဲအမှတ် (၃၁ဝ၈)ထိ ၁ဝဝ၈ တွဲကို ဇွန် ၁၃ ရက်တွင်လည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။

ကျောက်မျက်ရတနာများ ရောင်းချပွဲကိပြည်တွင်းမှ ကုန်သည်များ ကုန်ကြမ်း ရရှိရန်နှင့် လုပ်ငန်းရှင်များ စိတ်ဝင်စား စေရန်အတွက်  ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပုတီး၊ လက်ကောက် များပြုလုပ်ရန်အတွက် ကျောက်အမျိုးအစား မျိုးစုံ ရောင်းချ လျက် ရှိကာ ဇွန် ၈ ရက်မှ ၁၃  ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်လှိုင်ဝင်း (မြဝတီ)

Read 88 times Last modified on Wednesday, 12 June 2019 08:55