SJ WorldNews - шаблон joomla Авто

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး(၁/၂ဝ၁၉)ကျင်းပ

Wednesday, 12 June 2019 08:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၁

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး (၁/၂ဝ၁၉)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ မသန်စွမ်းသူများ၏  အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ  ဒုတိယ သမ္မတ  ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဒုတိယဥက္ကဋ္ဌ(၁) လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မသန် စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကော်မတီယာယီဒုတိယ ဥက္ကဋ္ဌ(၂)၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ် ယာယီဥက္ကဋ္ဌ သီးသိန်းလွင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ကော်မတီးအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ တတိယ အကြိမ် အစည်းအဆုံးအဖြစ်ချက်များအပေါ်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြသည်။

...........

Read 88 times Last modified on Wednesday, 12 June 2019 08:56