SJ WorldNews - шаблон joomla Авто

မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံ အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

Thursday, 13 June 2019 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်   ၁၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး  Mr. Dionisioda Costa Babo Soares အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် တီမောလက်စ်တေနိုင်ငံ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေး ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ   တီမောလက်စ်တေ သံအမတ်ကြီး Mr. Joao Freitas de Camaraနှင့် တီမောလက်စ်တေ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

Read 190 times Last modified on Thursday, 13 June 2019 08:35