SJ WorldNews - шаблон joomla Авто

ကျန်းမာရေး အဆင့်မြှင့်ကျောင်း လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ကျင်းပ

Thursday, 13 June 2019 09:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၂

ကျန်းမာရေး အဆင့်မြှင့်ကျောင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့် နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ထို့နောက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုရေး ဝန်ကြီးများ၊ နှီးနှောဖလှယ်ပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟောပြောပို့ချမည့် ကျွမ်းကျင် ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လည်းကောင်း၊  ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ၊   နေပြည်တော်ရှိ   အခြေခံပညာကျောင်းများမှ ကျောင်းသား၊   ကျောင်းသူများနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျန်းမာရေး အဆင့်မြှင့်ကျောင်း မူးယစ်ဆေးဝါး အန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပွားတတ်သော နောက်ဆက်တွဲ အန္တရာယ်များ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှု ဘဝပုံစံများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုလျော့ကျရေး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများနှင့် ကျောင်းသား၊ ကျောင်းသူများ ဂိမ်းအလွန်အကျွံ စွဲလမ်းမှု ပပျောက်ရေးဆိုင်ရာ ပြခန်းများကို   လှည့်လည်ကြည့်ရှုသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး   ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်းနှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုရေး ဝန်ကြီးများ၊ နှီးနှောဖလှယ်ပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များ၊  ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟောပြောပို့ချမည့် ကျွမ်းကျင်ပညာရှင်များ၊  နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ၊ နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

(၅ဝဝ)

Read 53 times Last modified on Thursday, 13 June 2019 09:44