SJ WorldNews - шаблон joomla Авто

ပါဠိပထမပြန် စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

Thursday, 13 June 2019 12:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈ဝ(၂ဝ၁၉)ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ ၁ဝ၂၃၇ ပါး/ဦးအနက် ၂၈၇၄ ပါး/ဦး အောင်မြင်၍ ၂၈ ဒသမ ဝ၇ ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ ၉ဝ၁၄ ပါး/ဦးအနက် ၄၂၈၆ ပါး/ဦး အောင်မြင်၍ ၄၇ ဒသမ ၅၅ ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ ၁၁၄၄၄ ပါး/ဦးအနက် ၄၅ဝ၂ ပါး/ဦး အောင်မြင်၍ ၃၉ ဒသမ ၃၄ ရာခိုင်နှုန်း၊ အခြေပြု မူလတန်းတွင် ဖြေဆိုသူ ၁၆၂၇ဝ ပါး/ဦး အနက် ၉၅၅ဝ ပါး/ဦး အောင်မြင်၍ ၅၈ ဒသမ ၇ဝ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြသည်။

၁၃၈ဝ ပြည့်နှစ်၊ (၂ဝ၁၉)ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်ကြသော သံဃာတော်များ၊ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ အနက် ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင် ပထမရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ကြသည်-

၁၃၈ဝ ပြည့်နှစ် (၂ဝ၁၉) ခုနှစ် ပါဠိပထမပြန် စာမေးပွဲအောင်စာရင်းများကို နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် သံဃနာယကအဖွဲ့ရုံးများတွင် လည်းကောင်း၊ နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူး ရုံးများတွင် လည်းကောင်း သက်ဆိုင်ရာ စာဖြေဌာနများရှိ မြို့နယ်သံဃနာယက အဖွဲ့ရုံးများနှင့်မြို့နယ် သာသနာရေးမှူးရုံးများတွင် လည်းကောင်း ကြည့်ရှုနိုင်ပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ Website  www.  mahana.org.mm ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website  www. mora gov. mm နှင့် သာသနာရေး ဦးစီးဌာန Website www.dra.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။

 (သတင်းစဉ်)

Read 246 times Last modified on Thursday, 13 June 2019 12:07