SJ WorldNews - шаблон joomla Авто

Myanmar National League 2019 ဒုတိယအကျော့အဖွင့်ပွဲစဉ်ဖြစ်သည့် Shan United အသင်းနှင့် Chinland FC အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှုအားပေး

Saturday, 15 June 2019 22:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၁၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် Myanmar National League 2019 ဒုတိယအကျော့ အဖွင့်ပွဲစဉ်ဖြစ်သည့် Shan United အသင်းနှင့် Chinland FC အသင်းတို့သည် ယနေ့ညနေပိုင်းတွင် ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဘောလုံး အသင်းများမှ အသင်း အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစား ဝါသနာရှင်များက ဘောလုံးပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။

ဘောလုံးပွဲ ပထမပိုင်း ယှဉ်ပြိုင်ကစားချိန်တွင် Shan United အသင်းနှင့် Chinland FC အသင်းတို့သည် အကြိတ်အနယ် ယှဉ်ပြိုင်ကြသော်လည်း သွင်းဂိုးများ မရရှိခဲ့ပဲ ဒုတိယပိုင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင်၍ တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုးစီ သွင်းယူပြီး သရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ဘောလုံးပွဲ ပြီးဆုံးချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အနိုင်မခံ အရှုံးမပေး  အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသော ဘောလုံးအားကစား အသင်း နှစ်သင်းစလုံးအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 328 times Last modified on Saturday, 15 June 2019 22:08