SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဟယ်လင်းနစ်သမ္မတနိုင်ငံသံအမတ်ကြီးနှင့် ဂါနာနိုင်ငံသံအမတ်ကြီးတို့သံအမတ် ခန့်အပ်လွှာ သီးခြားစီပေးအပ်

Thursday, 20 June 2019 10:42 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်   နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဟယ်လင်းနစ် သမ္မတနိုင်ငံ သံအမတ် ကြီးအဖြစ်  ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော  သံအမတ်ကြီး မစ္စတာ နီကိုလေးအိုစ် ကေမန်နကေ့စ်သည်  ယနေ့ညနေ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ၄သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အလားတူ  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီး အဖြစ်  ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော  သံအမတ်ကြီး  မစ္စအာကူရာ ဆီကီဝါ အာဟန်ကော်ရာ သည် ယနေ့ညနေ ၃ နာရီ  ၄၅ မိနစ်တွင် နေပြည်တော်ရှိ  နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌   ၎င်း၏ သံအမတ်ခန့်အပ်လွှာကို   ပေးအပ်သည်။

အဆိုပါသံအမတ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)

Read 255 times Last modified on Thursday, 20 June 2019 10:44