SJ WorldNews - шаблон joomla Авто

ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်လေကြောင်း ခရီး စတင်ပြေးဆွဲ

Thursday, 20 June 2019 11:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇွန်   ၁၉

China  Eastern  Airlines  မှ ၎င်း၏ ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (YIA) ၊ Terminal 1တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ တိုက်ရိုက်ပြေးဆွဲ ပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။

China  Eastern  Airlines ၏ ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်သစ် အတွက် Airbus 320 အမျိုးအစားလေယာဉ်ကို အသုံးပြုကာ တစ်ပတ်လျှင် သုံးကြိမ် ပျံသန်း ပြေးဆွဲသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော  ရန်ကုန်မြို့နှင့်  တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရှန်ဟိုင်းမြို့အကြား တိုက်ရိုက်ပျံသန်း ပြေးဆွဲချိန်မှာ ၄ နာရီနှင့် မိနစ်ငါးဆယ်သာ ကြာမြင့်မည်ဖြစ်သည်။

ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချိတ်ဆက်ပျံသန်း ပြေးဆွဲသော ကိုးခုမြောက် အပြည်ပြည်ဆိုင်ရာ ခရီးစဉ်ဖြစ်ပြီး ယခုကဲ့သို့ ခရီးစဉ်တိုးချဲ့ ပျံသန်းပြေးဆွဲမှုသည်   China Eastern Airlines ၏ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံကြား ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသည့် လေကြောင်းလိုင်းများ အနက် ခရီးစဉ် အများဆုံးပြေးဆွဲသော လေကြောင်းလိုင်း တစ်ခုဖြစ်သည်။

  ယင်းအပြင် ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက် ခရီးစဉ်ပျံသန်း ပြေးဆွဲမှုသည် မြန်မာနိုင်ငံမှ နိုင်ငံတကာခရီးစဉ်များသို့ သွားရောက်မည့် ခရီးသည်များအတွက် ရှန်ဟိုင်းမြို့မှ တစ်ဆင့် အခြားနိုင်ငံများသို့ ပိုမိုအဆင်ပြေ လွယ်ကူစွာ ချိတ်ဆက် သွားရောက်နိုင်မည်ဖြစ်ကြောင်းနှင့်  China Eastern Airlines အနေဖြင့် ၂ဝ၁၉ ခုနှစ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ခရီးသည်ပေါင်း ၃၆ဝဝဝဝ ခန့်ကို သယ်ယူဝန်ဆောင်မှု ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 248 times Last modified on Thursday, 20 June 2019 11:52