SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ နည်းပညာ တက္ကသိုလ် ၂၄ ကျောင်း၌ နယ်ခံ ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး လက်ခံရန် စီစဉ်

Tuesday, 25 June 2019 09:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇွန်  ၂၄

တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ နည်းပညာတက္ကသိုလ် ၂၄ကျောင်း၌ နယ်ခံကျောင်းသား၊ ကျောင်းသူများ ကိုသာ ဦးစားပေး လက်ခံရန်စီစဉ်ထားပြီး သတ်မှတ်လူဦးရေမပြည့်မီမှသာ   နယ်ကျော်ကျောင်းသား၊ ကျောင်းသူများကို   အမှတ် အနည်းအများပေါ် မူတည်၍ လက်ခံမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီထံမှ သိရသည်။

မြန်မာနိုင်ငံ၌ နည်းပညာတက္ကသိုလ် ၃၃ ကျောင်းရှိပြီး သီးခြား ဝင်ခွင့်ပြုသည့် ကျောင်းများအနေဖြင့် ရန်ကုန် နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊   နည်းပညာတက္ကသိုလ်(မန္တလေး)၊ နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)နှင့်   မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသနည်းပညာ တက္ကသိုလ်ငါးကျောင်းကို သီးခြားဝင်ခွင့်ဖြင့်                ခေါ်ယူမည်ဖြစ်သည်။ ထို့ပြင်  ယခုနှစ်တွင် ထူးခြားချက်အနေဖြင့်   ရန်ကုန်၌ရှိသည့်  နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာ တက္ကသိုလ်(မှော်ဘီ)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္က သိုလ်နှင့်     နည်းပညာ တက္ကသိုလ်(ပြည်)တို့၌ မြန်မာ တစ်နိုင်ငံလုံးမှ  တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ အမှတ်စုစုပေါင်း  ၃၈ဝ  ရရှိ ပါက  လျှောက်ထားနိုင်မည်ဖြစ်သည်။ ကျောင်းဝင်ခွင့် လက်ခံရာတွင် အမှတ် အနည်း အများပေါ် မူတည်၍ လက်ခံ မည်ဖြစ်ပြီး ယင်းကျောင်းလေးကျောင်းမှလွဲ၍ ကျန်ကျောင်း ၂၄  ကျောင်း၌ နယ်ကျော်လျှောက်ထား၍ မရကြောင်း သိရသည်။

''ရန်ကုန်က ကျောင်းသား၊ ကျောင်းသူ တွေက ရန်ကုန်က ကျောင်းသုံးကျောင်းမှာ လျှောက်ထားလို့  ဝင်ခွင့်မရရင်   ဧရာဝတီ တိုင်းဒေသကြီးမှာ လျှောက်မယ်။ ထားဝယ်မှာ လျှောက်မယ်။  အဲဒီလိုလျှောက်တာမျိုး ဒီနှစ်မရပါဘူး။   ကျောင်းလေး ကျောင်းဖယ်ရင်  ကျန်တဲ့နည်း ပညာကျောင်း ၂၄  ကျောင်းမှာနယ်ကျော်လျှောက်လို့မရဘူး။ ဧရာဝတီတိုင်း

ဒေသကြီးက ကျောင်းဆိုရင်    ဧရာဝတီတိုင်း ဒေသကြီးက အောင်မြင်သူကို  ဦးစားပေး ရွေးချယ်မယ်။   ဧရာဝတီတိုင်း ဒေသကြီးက  ကျောင်းသား၊ ကျောင်းသူတွေရဲ့ သတ်မှတ် အရည်အတွက်မပြည့်မှသာ   နယ်ကျော် လျှောက်ထား သူကိုပြန်စဉ်းစားမှာပါ။ အမှတ် အနည်း အများနဲ့ပဲပြန်စီပြီး နယ်ကျော်ကျောင်းသား၊  ကျောင်းသူတွေကို  အမှတ် အနည်း အများနဲ့ပဲ   စဉ်းစားပါမယ်''ဟု ဒေါက်တာသိင်္ဂီက ပြောသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်ကို လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများသည် ယခင် နှစ်ကအတိုင်း   အင်္ဂလိပ်၊  သင်္ချာ၊  ဓာတုဗေဒ၊  ရူပဗေဒလေးဘာသာပေါင်း   ရမှတ် ၃၂ဝ   ပြည့်လျှင် လျှောက် ထားနိုင်ပြီး နည်းပညာတက္ကသိုလ် (မန္တလေး)ကို ယင်းလေးဘာသာအမှတ်ပေါင်း ၃ဝဝ ပြည့်ပါက  လျှောက်ထား နိုင်ကြောင်းနှင့် သီးခြားခေါ်ယူသည့်   နည်းပညာတက္ကသိုလ်  (ရတနာပုံ ဆိုက်ဘာစီးတီး)ကို  အမှတ်စုစုပေါင်း  ၄၂ဝ  ရရှိပါက  လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသနည်းပညာ တက္ကသိုလ်ကို အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ လေးဘာသာပေါင်း ရမှတ် ၃ဝဝ ရရှိပြီး အမှတ်စုစုပေါင်း ၄၂ဝ ပြည့်ပါက လျှောက်ထားနိုင်ကာ ကျန်နည်းပညာ တက္ကသိုလ်   ၂၈   ကျောင်းကို  အမှတ်စုစုပေါင်း  ၃၈ဝ  ရရှိပါက  လျှောက်ထားနိုင်ကြောင်းနှင့် နည်းပညာတက္ကသိုလ် ဝင်မည့် ကျောင်းသား၊ ကျောင်းသူများသည် ဝင်ခွင့်ရပြီးမှသာ ဘာသာရပ်များကို ခွဲခြားစေ မည်ဖြစ်ကြောင်း  သိရသည်။    ဆုလာဘ်

Read 240 times Last modified on Tuesday, 25 June 2019 09:12