SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲစတင်

Wednesday, 26 June 2019 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၂၅

၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် ပြိုင်ပွဲပွဲစဉ်များကို  ယနေ့ နံနက်  ၉ နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က အမှာစကား ပြောကြားပြီး ၂ဝ၁၉ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ အမျိုးသား အသင်း လိုက် ပြိုင်ပွဲများအဖြစ် မွန်ပြည်နယ် အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ကရင် ပြည်နယ်အသင်းတို့ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ ၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ အမျိုးသား ၁၅သင်း၊ အမျိုးသမီး ၁၄ သင်း၊ အားကစားသမား စုစုပေါင်း ၃၇၄ဦးတို့သည် ဇူလိုင် ၅ ရက်ထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌   အမျိုးသား၊ အမျိုး သမီးနှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများနှင့် အမျိုးသားသုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတို့ကို ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

အခမ်းအနားသို့   ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန   အမြဲတမ်း အတွင်းဝန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အားကစားအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန် ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တို့မှ ပြိုင်ပွဲဝင် အသင်း အုပ်ချုပ်သူ/ နည်းပြနှင့်  အားကစားသမားများ တက် ရောက်ကြကြောင်း သိရသည်။

ကျော်လွင်

Read 99 times Last modified on Wednesday, 26 June 2019 08:56