SJ WorldNews - шаблон joomla Авто

နိုင်ငံတစ်ဝန်း H1N1 ရောဂါပိုးကြောင့် သေဆုံးသူ ၄၁ ဦးထိရှိလာ၊ ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိနေ

Friday, 12 July 2019 08:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၁

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၁၁ ရက်အထိ  ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးလူနာ လေးဦးခန့် ထပ်တိုးလာရာ နိုင်ငံတစ်ဝန်း ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၁ ဦး  ထိရှိလာပြီဖြစ်ကြောင်း    ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ဓာတ်ခွဲ အတည်ပြု သေဆုံးစာရင်းများအရ သိရသည်။

ဇူလိုင် ၁၀ ရက်အထိ နိုင်ငံတစ်ဝန်း သေဆုံးလူနာ ၃၇ ဦးထိရှိခဲ့ပြီး ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှ သေဆုံးလူနာ တစ်ဦး၊ မှော်ဘီမြို့နယ်မှ သေဆုံးလူနာ တစ်ဦး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ သေဆုံးလူနာ တစ်ဦးနှင့် မင်္ဂလာဒုံမြို့နယ်မှ သေဆုံး လူနာတစ်ဦး တို့ ရှိနေရာ ဓာတ်ခွဲအတည်ပြုချက်အရ A(H1N1)pdm 09 ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးမှုများသည် ယခုနှစ် မေလ မှစတင်ကာ ဇူလိုင် ၁၀ ရက်အထိရှိနေကြောင်း သိရသည်။ ယခုအခါတွင် နိုင်ငံတစ်ဝန်း ရာသီတုပ်ကွေး ရောဂါ A(H1N1)pdm 09 သံသယဖြင့် ဓာတ်ခွဲ စစ်ဆေးသူ ၅၃၇ ဦးထိရှိလာပြီး ပိုးတွေ့လူနာသည် ၁၉၅ ဦးအထိ ယခင်ထက် တိုးလာ နေခြင်း ဖြစ်သည်။

““ဒီမိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေက တုပ်ကွေးရာသီလည်းဖြစ်ပါတယ်။ ဒီရာသီနဲ့ ဒီလတွေမှာ ရောဂါဖြစ်ပွားနှုန်းတွေက များလာ နိုင် သေးတယ်။ အခုကစိုစွတ်တော့ပိုးက ပိုမို ပေါက်ဖွားနိုင်တယ်။    အခုထပ်ဖြစ်နေတဲ့  Influenza B နဲ့ H3  ရာဂါတွေလဲ တွေ့ရတယ်။

ဒါကိုတော့ ပြည်သူတွေ အနေနဲ့ မကြောက်ကြပါနဲ့လို့ ပြောချင်ပါတယ်””ဟု ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ ကာကွယ်ဆေး/ ကူးစက်အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ရဲလင်းနိုင်က ပြောသည်။

ယင်းတွင် ရာသီတုတ်ကွေးရောဂါ A(H1N1)pdm 09 ဖြစ်ပွားနှုန်းသည် ယခုနှစ် ဇန်န၀ါရီ၁ ရက်မှ ဇူလိုင် ၁၀ ရက်အထိ အသက် ၁၅နှစ်မှ ၆၅ နှစ် အကြား ၅၂ ရာခိုင်နှုန်း၊ အသက် ၁ နှစ်မှ ၅ နှစ်အထိ ၁၆ ရာခိုင်နှုန်း၊ အသက် ၆၅နှစ် အထက်တွင် ၁၄ ရာခိုင်နှုန်း၊ အသက် ၅ နှစ်မှ ၁၅ နှစ်တွင် ၁၁ ရာခိုင်နှုန်း၊ အသက်၁ နှစ်အောက်တွင် ၇ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟို ကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ၏ ဓာတ်ခွဲ အတည်ပြုချက်အရ သိရည်။

မောင်မျိုး (ဧရာဝတီ)

Read 28 times Last modified on Friday, 12 July 2019 08:14